Myanmar (မြန်မာ)

နိဒါန်း

၁။ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းသည် ၁၉၉၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပလတ်စတစ် လုပ်ငန်းရှင်များ၊ ပလတ်စတစ်ကုန်ကြမ်းဖြန့်ဖြူးသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ အပါအဝင် အလုပ်အမှု ဆောင်အဖွဲ့ (၁၅) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။

၂။ ဤသို့ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း (MIA)၏လက်အောက်တွင် ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ အစုအဖွဲ့(Cluster) အဖြစ်ရပ်တည်ခဲ့ပါသည်။

၃။ ထို့နောက် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း (MIA) နှင့် ညှိနှိုင်း၍ ထောက်ခံချက်များ ရယူကာ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း တစ်သင်းအဖြစ်ရပ်တည်မှုရရှိရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားခဲ့ပါသည်။ ဤသို့လျှောက်ထားရာ ပြည်ထဲရေးဝန်ကြီးဌာန (အသင်းအဖွဲ့များဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့) မှ ၅.၈.၂၀၁၀ ခုနှစ်၊ ရက်စွဲပါစာအမှတ် ၂၀ဝ/၆၈-၁/ဦး ၁ ဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းခွင့်လက်မှတ် အမှတ်(၁၈၉၄) ဖြင့် မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များ အသင်းအဖြစ် ခွင့်ပြုချက်ရရှိခဲ့ပါသည်။

၄။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ညီနောင်အသင်းအဖြစ် လျှောက်ထားခဲ့ရာ(၇.၉.၂၀ဝ၅) ခုနှစ်တွင် အသင်းဝင်အမှတ် (၁၄၄၀၅) ဖြင့် ညီနောင်အသင်း အဖြစ် ရရှိခဲ့ပါသည်။

မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း ၏ သင်းဖွဲ့မှတ်တမ်း

၁။ အမည်
ဤအသင်းကြီး၏ အမည်ကို မြန်မာဘာသာဖြင့် “ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း ” ဟူ၍ လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် “ MYNAMAR PLASTIC INDUSTRIES ASSOCIATION ” ဟူ၍ လည်းကောင်း ခေါ်တွင်စေရမည်။
၂။ ရည်ရွယ်ချက်

(က) ပလတ်စတစ်ကုန်ထုတ်လုပ်ငန်းနှင့် ပတ်သက်၍ ကုန်ထုတ်လုပ်သူများ၊ ရောင်းဝယ်ဖောက်ကား သူများ၊ ကျွမ်းကျင်ပညာရှင်များ၊ စိတ်ပါဝင်စားသူများ၊ ပါဝင်သည့် မြန်မာနိုင်ငံ၏ အဆင့်အမြင့်ဆုံး ပလတ်စတစ် ကုန်ထုတ်အသင်းကြီးကို တည်ထောင်ဖွဲ့စည်းရန်။

(ခ) နိုင်ငံတော်အစိုးရက ချမှတ်ထားသော စီးပွားရေးမူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ပလတ်စတစ် ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန်အတွက် ပလတ်စတစ်ကုန်ပစ္စည်းထုတ်လုပ်သူများကို စည်း ရုံးခြင်း၊ အကြံဉာဏ်များပေးခြင်း၊ စီမံခန့်ခွဲမှုများပြုလုပ်ရန်။

(ဂ) Asean Federation of Plastic Industries(AFPI) အသင်းကြီးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရန်။

(ဃ) အရည်အသွေးမီ ပလတ်စတစ်ကုန်ပစ္စည်းများထုတ်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်း ပြည်ပ ဈေးကွက်သစ်များကို တိုးချဲ့ရန်၊ သွင်းကုန်အစားထိုးပလတ်စတစ်ကုန်ပစ္စည်းများ ထုတ်လုပ်ရန်။

(င) နိုင်ငံတကာနှင့် ဆက်သွယ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် အထောက်အကူပြုရန်။

(စ) ပလတ်စတစ်ကုန်ထုတ်လုပ်ငန်းကဏ္ဍအသီးသီးတွင် တွေ့ကြုံကြရသော အခက်အခဲပြဿနာများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဖြေရှင်းရန်။

(ဆ) ပလတ်စတစ်လုပ်ငန်းနှင့် ဆက်နွယ်ပတ်သက်နေသူ လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ပံ့ပိုးကူညီပေး ရန်နှင့် အဖွဲ့ဝင်အချင်းချင်း အပြန်အလှန်ရိုင်းပင်းကူညီပေးရန်။

(ဇ) အသင်းကြီး၏ လုပ်ငန်းဆောင်တာများလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ အခြေခံအသင်းများကို လိုအပ်သလို တိုးချဲ့ဖွဲ့စည်းရန်။

(ဈ) ပလတ်စတစ်ကုန်ပစ္စည်းအရည်အသွေး စံချိန်စံညွှန်းများ၊ စက်ပစ္စည်း၊ အပိုပစ္စည်းအရည်အသွေး စံချိန်စံ ညွှန်းများ သတ်မှတ်ပေးခြင်း၊ ပလတ်စတစ်ကုန်ပစ္စည်းများ ထုတ်လုပ်မှုမူပိုင်အခွင့်အရေး ရရှိရန် သက် ဆိုင်ရာ အစိုးရဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းအသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်။

၃။ အသင်းသားအဖြစ် ပါဝင်နိုင်ခွင့်
အသက် ၁၈ နှစ်ပြည့်ပြီး ပလတ်စတစ်ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နေသူ မည်သူမဆို၊ သို့မဟုတ် ပလတ်စတစ်ကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကားရေးလုပ်ငန်းကို လုပ်ကိုင်နေသူ၊ သို့မဟုတ် ပလတ်စတစ် ဆိုင်ရာ ကျွမ်းကျင်သူ တတ်/သိပညာရှင်တို့သည် အောက်ပါသတ်မှတ်ချက်နှင့် ညီညွတ်ပါက ဤအသင်းကြီး ၏ အသင်းသားအဖြစ် ပါဝင်ခွင် ့လျှောက်ထားနိုင်ပါသည်။

(က) တည်ဆဲဥပဒေအရ မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်ခံထားရသူ။

(ခ) ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ဝန်ခံနိုင်သူဖြစ်ရမည်။

(ဂ) လမ်းကြောင်းမှ ဝင်ရောက်သည့် နိုင်ငံခြားကုမ္ပဏီများ သို့မဟုတ် ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ။

၄။ အသင်းဝင်ခွင့် လျှောက်လွှာ
ဤအသင်းသို့ အသင်းသားအဖြစ် ဝင်ခွင့်လျှောက်ထားသူများကို အောက်ဖော်ပြပါနည်းလမ်းအတိုင်း စိစစ် လက်ခံမည်ဖြစ်သည်။

(က) တစ်ဦးချင်း အသင်းဝင်ခွင့် လျှောက်လွှာတင်သွင်းရန် စည်းကမ်း။

အသင်းတွင်ပါဝင်လိုသူ နိုင်ငံသားတိုင်းသည် အသင်းကပြဋ္ဌာန်းထားသော လျှောက်လွှာပုံစံတွင် ဝန်ခံ လက်မှတ်ရေးထိုး၍ အသင်းသားတစ်ဦးအား အဆိုတင်သွင်းစေလျက် အခြားအသင်းသားတစ်ဦးက ထောက်ခံစေရမည်။ အမှုဆောင်အဖွဲ့က လက်ခံသင့်၊ လက်မခံသင့်ကို စိစစ်ဆုံးဖြတ်မည်ဖြစ်သည်။ ၄င်း ဆုံးဖြတ်ချက်သည် အပြီးသတ်ဆုံးဖြတ်ချက်ဖြစ်စေရမည်။

(ခ) အဖွဲ့အစည်းများ အသင်းဝင်ခွင့်လျှောက်လွှာ တင်သွင်းရန် စည်းကမ်း

ပလတ်စတစ်ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်နေသောအဖွဲ့အစည်းများ သို့မဟုတ် ကုမ္ပဏီများသည် အသင်း ကပြဋ္ဌာန်းထားသော လျှောက်လွှာပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည်။ အမှုဆောင်အဖွဲ့က လက်ခံ သင့်၊ လက်မခံသင့်ကို စိစစ်ဆုံးဖြတ်မည်ဖြစ်သည်။ လိုအပ်ပါက အမှုဆောင်အဖွဲ့သည် မည်ကဲ့သို့ ဆောင်ရွက်စေလိုသည်ကို မှတ်ချက်ဖြင့် ဖော်ပြရမည်ဖြစ်သည်။

၅။ အသင်းဝင်လက်မှတ်
အသင်းသို့ ဝင်ခွင့်ရသောသူအား အသင်း၏ဥက္ကဌနှင့် အတွင်းရေးမှူးတို့က လက်မှတ်ရေးထိုး၍ အသင်းတံဆိပ် ရိုက်နှိပ်ထားသော အမှုဆောင်အဖွဲ့က ပြဋ္ဌာန်းထားသည့် အသင်းသားလက်မှတ်တစ်စောင်ကို ထုတ်ပေးရမည်။ ၄င်းအသင်းသားလက်မှတ်တွင် သက်ဆိုင်ရာအသင်းသား၏ ထိုးမြဲလက်မှတ်နှင့် ဓာတ်ပုံပါရှိစေရမည်။

Myanmar Plastic Industries Association was established in 1995 with (15) Executive Members included by plastic entrepreneurs, plastic raw materials distributors, ...

Quick Contact

No. 29, 7th Floor, Min Ye Kyaw Swar Street, UMFCCI Tower, Lanmadaw Township, Yangon, Myanmar.

+951 231 4835, +959 428 821 182