"သင့်လုပ်ငန်းမှာ (i A) တွေ ရှိပြီလား"

သင့်ရဲ့လုပ်ငန်းမှာ intangable asset (i A)ဆုပ်ကိုင်လို့မရတဲ့ပိုင်ဆိုင်မှုတွေဘယ်လောက်ရှိနေပြီလဲ။ i A တွေတိုးပွားအောင်ရော လုပ်ဆောင်ဖြစ်ပါရဲ့လား။ မြန်မာနိုင်ငံမှာ liqueur product နာမည်ကြီးကုမ္ပဏီတစ်ခုက သူ့ထုတ်ကုန်အမှတ်တံဆိပ်ရဲ့တန်ဖိုးကို အမေရိကန်ဒေါ်လာ 10 million သတ်မှတ်ထားတယ်လို့ လွန်ခဲ့တဲ့ ငါးနှစ်ခန့်က အခိုင်အမာကြားခဲ့ရဖူးပါတယ်။ ဒါဟာ intangible asset တန်ဖိုးကိုဖော်ပြခြင်းပါဘဲ့။ များသောအားဖြင့် business တစ်ခုကို ဝယ်ယူသူတွေဟာ မျက်မြင်ပစ္စည်းတွေဖြစ်တဲ့ မြေနေရာ အဆောက်ဦး စက်ပစ္စည်း ကုန်ကြမ်းကုန်ချောတန်ဖိုးများကိုသာ ထည့်သွင်းတွက်ချက်တတ်ကြပါတယ်။

ကမ္ဘာကျော်ဂုရုကြီး Philip Kotler ကတော့ “The modern balance sheet as a lie” ယခုခေတ်စီးပွားရေးလုပ်ငန်းတွေမှာရေးဆွဲနေကြတဲ့ balance sheet တွေဟာ မမှန်ပါဘူးလို့ဆိုပါတယ်။ တိကျစွာပြောရင် လိမ်နေတယ်ပေါ့။ တကယ့် တန်ဖိုးရှိတဲ့ intangible asset ပိုင်ဆိုင်မှုတွေ ထဲ့သွင်းရေးဆွဲထားခြင်းမရှိပါဘူး။ ဒီလိုဆိုလိုက်လို့စာရင်းဆွဲသမားတွေကိုပြေးမမြင်လိုက်ပါနဲ့။ သူဆိုလိုတာက balance sheet တွေမှာ tangible asset ကိုင်တွယ်ထိတွေ့နိုင်တဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေသာပါပြီး ကိုင်တွယ်ထိတွေ့လို့မရတဲ့ intangible asset ပိုင်ဆိုင်မှုတန်ဖိုးတွေမပါလို့ဖြစ်ပါတယ်။ တကယ်တော့ လုပ်ငန်းတစ်ခုလုံးရဲ့တန်ဖိုး 80% ခန့်ဟာ. intangible asset ဆီမှာရှိနေပါတယ်။ ဒါကြောင့် balance sheet တွေဟာ လိမ်သလိုဖြစ်နေတယ်လို့ kotler ကပြောတာပါ။

မှန်ပါတယ် ဥပမာအားဖြင့် လုပ်ငန်းတွေမှာရှိနေတဲ့ တစ်ချို့စက်ပစ္စည်းတွေဟာ ပြန်ရောင်းတဲ့အခါ ဝယ်ယူသူနဲ့ကိုက်ညီမှုမရှိတာ ခေတ်မမှီတော့တဲ့အခါ အရည်ကြိုသမားဆီကို ပိသာချိန်ဈေးနဲ့ရောက်သွားနိုင်တဲ့အတွက် ဒီပိုင်ဆိုင်မှုတွေဟာ ခိုင်မာမှုမရှိဘူးလို့ဆိုနိုင်ပါတယ်။ ဒီလို tangible asset တွေက အကျိုးရှိစွာနဲ့လည်ပတ်နေမှသာ တန်ဖိုးရှိတာပါ။ ဒီလိုလည်ပတ်နိုင်ဖို့အတွက် intangible asset တွေ အခိုင်အမာရှိပါမှ ရေရှည်လည်ပတ်နိုင်မှာဖြစ်ပါတယ်။ ဆုပ်ကိုင်လို့မရတဲ့ပိုင်ဆိုင်မှုတွေထဲမှာတော့ အစဉ်တစိုက်ဝယ်ယူအားပေးနေကြတဲ့ဖောက်သည်တွေ ကုန်ပစ္စည်းပေးသွင်းသူတွေ ဖြန့်ဖြူးရောင်းချပေးသူတွေ မိမိတို့ရဲ့ဝန်ထမ်းတွေ အမှတ်တံဆိပ်တွေ လုပ်ငန်းစဉ်တွေ အောင်မြင်ကျော်ကြားမှုတွေ စသဖြင့်ပါဝင်နေပါတယ်။

ဒါကြောင့် intangible asset တစ်ခုဖြစ်တဲ့ ဖောက်သည်အခြေပြုတန်ဖိုးကို ထဲ့သွင်းစဉ်းစားရပါမယ်။ မိမိတို့ရဲ့လုပ်ငန်းမှ ထုတ်လုပ်ရောင်းချတဲ့ကုန်ပစ္စည်း ဝန်ဆောင်မှုတွေကို အစဉ်တစိုက်ဝယ်ယူအားပေးနေကြတဲ့ ဖောက်သည်တွေများများရှိဖို့လိုပါတယ်။ ကျေနပ်မှုရနေတဲ့ဖောက်သည်တွေဟာ တဆင့်စကားကနေတဆင့် ဖောက်သည်ပိုပြီးတိုးပွားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ယခင်ဆောင်းပါးတစ်ခုမှာကျွန်တော်ပြောဖူးပါတယ်။ Customer is “OXYGEN” ဖောက်သည်ဆိုတာ အောက်ဆီဂျင်တစ်မျှ အရေးကြီးပါတယ်။ ပညာရှင်တွေတင်စားထားကြတဲ့ ဖောက်သည်ကအမြဲမှန်တယ် အမှန်တရားရဲ့အထက်မှာရှိတယ် ဖောက်သည်ဆိုတာ ဘုရင်ဖြစ်တယ် ဘုရားသခင်ဖြစ်တယ်ဆိုတာတွေကိုသိကြမှာပါ။ ဒါပေမဲ့ ကြိုက်ရင်ဝယ် မကြိုက်ရင်မဝယ်နှင့်ဆိုတဲ့အထာမျိုးရှိတဲ့ရောင်းချသူတွေ ဘုရင်စနစ်မရှိတဲ့နိုင်ငံတွေ ကိုးကွယ်ရာဘာသာမဲ့ ရောင်းချသူတွေရှိနေတဲ့အတွက် အဲ့ဒီစကားလုံးတစ်ချို့ကို ဆန့်ကျင်သူတွေရှိနိုင်ပါရဲ့။ မည်သည့်ကွဲလွဲမှုမျိုးတွေရှိနေပါစေ လူတိုင်းဟာ ရှင်သန်ဖို့အတွက် အသက်ရှုဖို့အောက်ဆီဂျင်လိုပါတယ်။ ဒါကြောင့် အောက်ဆီဂျင်တမျှအရေးကြီးတဲ့ ဖောက်သည်တွေများများရှိနေခြင်းဟာ intangible asset value တွေရှိနေခြင်းဖြစ်ပါတယ်။

နောက်ပြီးတော့ ဝန်ထမ်းအခြေပြုတန်ဖိုးကိုလ ထည့်သွင်းစဉ်းစားရပါမယ်။ မြင့်တင်ထားဖို့လည်းလိုပါတယ်။ ကျေနပ်မှုရှိသောဖောက်သည်တွေရလာအောင် လက်တွေ့လုပ်ဆောင်ရတာက ဝန်ထမ်းတွေပါ။ ဒါကြောင့် သူတို့ကိုကျေနပ်အောင် တန်ဖိုးတက်အောင်အရင်လုပ်ရပါမယ်။ ကျွန်တော်ရေးဖူးပါတယ် skillful employee တစ်ဦး turnover ဖြစ်သွားရင် cost ဘယ်လောက်တက်သွားတယ်ဆိုတာနှင့် နောက်ဆက်တွဲနစ်နာမှုတွေပါ။ skillful တွေက productivity တွေမြင့်တင်ပြီး costs တွေလျော့ကျအောင်လုပ်ပေးမယ့်သူတွေပါ။ ကိုယ့်ရဲ့ပြိုင်ဘက်ထက်သာတဲ့ဝန်ထမ်းတွေ ကိုယ့်ဆီမှာရှိနေရင်တော့ ပုံမှန်ထက်သာလွန်တဲ့ အကျိုးအမြတ်ကို ရရှိမှာသေချာပါတယ်။ ဒါတွေဟာလည်း intangible asset value ဘဲ့ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခု အားကောင်းလာဖို့အဓိကတွေထဲက တစ်ချက်ဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့အခြေပြုတန်ဖိုးကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ ဥပမာ ကုန်ပစ္စည်းပေးသွင်းသူ supplier တွေ ဖြန့်ဖြူးရောင်းချပေးသူ wholesale/distributor တွေ ချေးငွေထုတ်ပေးမဲ့ banker တွေ လုပ်ပိုင်ခွင့်လိုင်စင်ထုတ်ပေးမဲ့ government ဋ္ဌါနတွေ စတဲ့ external environment တွေဖြစ်ပါတယ်။

မိမိမှာ supplier ကောင်းရှိနေခြင်းဟာ ပြိုင်ဘက်ထက် နာတစ်ဖျားသာစေတဲ့လက်တံတစ်ခုပါ။ ပစ္စည်းလက်ကျန်နည်းလျင်ကိုယ့်ကိုအကြောင်းကြားပေးဖို့ ဦးစားပေးဖို့ အရည်သွေးပိုမိုကောင်းမွန်တဲ့ကုန်ကြမ်းတွေတင်သွင်းပေးဖို့ အရေအတွက်နည်းပေမဲ့ ပမာဏကြီးကြီးဝယ်တဲ့ဈေးနှုံးနှင့်အတူထားပေးဖို့ ကုန်ကြွေးတွေစောင့်ပေးဖို့စသဖြင့်လုပ်ဆောင်ပေးနိုင်တဲ့ supplier မျိုးတွေရထားဖို့လိုပါတယ်။ ဒါကြောင့် customers သာမက suppliers တွေကိုလည်း ရင်းနှီးမှုအတိုင်းတာတစ်ခုရအောင်လုပ်ထားဖို့လိုပါတယ်။

ထိုနည်းတူစွာဘဲ့ မိမိထုတ်လုပ်သမျှ ကုန်ပစ္စည်းတွေကိုဖြန့်ဖြူးရောင်းချပေးနေတဲ့ wholesale/distributor တွေရဲ့တန်ဖိုးကိုလည်းထည့်သွင်းစဉ်းစားရပါဦးမယ်။ သူတို့နှင့်လည်းတန်ဖိုးမြင့်တင် ရင်းနှီးမှုတည်ဆောက်ထားဖို့လိုပါတယ်။ ဖြန့်ချိရေးသီအိုရီအရ push&pull နှစ်မျိုးရှိရာမှာ တစ်ချို့product တွေက wholesale/distributor တွေဆီကနေ push လုပ်လိုက်နိုင်တာက ပိုပြီးခရီးရောက်တာတွေရှိပါတယ်။ မိမိတို့ရဲ့ company က product အသစ် ဘာဘဲ့ထုတ်ထုတ် ရောင်းချပေးဖို့အဆင်သင့်ပါဘဲ့ဆိုတဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိနေခြင်းဟာ ဈေးကွက်ထဲမှာ market leader position အနေနဲ့ ရေရှည်ရပ်တည်သွားနိုင်မဲ့ အားကိုးအားထားပြုနိုင်တဲ့ ဒေါက်တိုင်များရှိထားခြင်းဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်ရာမှာ ကနဦးကုန်ကျငွေကတော့ capital ဖြစ်ပြီး ဒါကို capital investment လို့သတ်မှတ်ပါတယ်။ ရေရှည်အောင်မြင်စွာရပ်တည်နိုင်ဖို့ နောက်ဆက်တွဲ ရင်းနှီးမြှုပ်နှံမှုတွေထပ်မံလိုပါတယ်။ တစ်နည်းပြောရရင် intengible asset တွေတိုးပွားအောင်လုပ်ဆောင်ခြင်းပါဘဲ့။ ကနဦး မြုပ်နှံမှုက tangible asset နှင့်တူပြီး နောက်ဆက်တွဲ မြုပ်နှံမှုက intangible asset နှင့်တူပါတယ်။ tangible asset က ကိုင်တွယ်နိုင်လို့ hardware နှင့်တူပြီး intangible asset က ကိုင်တွယ်မရလို့ software နှင့်တူပါတယ်။ ယန္တယားတစ်ခုလုံး လည်ပတ်နိုင်ဖို့အတွက် software ကောင်းကောင်းလိုတယ်ဆိုတာသိသာနိုင်ပါတယ်။

ဒါကြောင့် software လို ကိုယ်စားပြုနိုင်တဲ့ intangible asset ဟာ ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာထင်ရှားနေပါတယ်။

International Accounting Standard(IAS) အရတောင်မှ balance sheet မှာ Intangible Asset တန်ဖိုးထည့်မဆွဲပေမဲ့ ကျွန်ုပ်တို့လုပ်ငန်းရှင်တွေအနေနှင့် intangible asset ပိုင်ဆိုင်မှုတွေတိုးပွားလာအောင် တန်ဖိုးတက်လာအောင်လုပ်ဆောင်ပြီး မိမိတို့ရဲ့ virtual reality balance sheet ထဲမှာ intangible asset ကို အမြဲတမ်း ထည့်ဆွဲရင်း တန်ဖိုးတွက်ချက်နိုင်ကြဖို့မီးမောင်းထိုးပြလိုက်ရပါတယ်။

To be continue …..
Ba Kyaw

"ယိမ်းနေတာတွေငြိမ်စေဖို့"
Company တစ်ခုမှာ Employee Retention Strategies မရှိဘူးဆိုရင် HR function မပြည့်စုံပါဘူး။ 50% အထက်ရှိတဲ့ Company တွေဟာ ဝန်ထမ်းခေါ်ယူပြီးနောက်ပိုင်းမှာ Formal Employee Retention Strategies တကယ်ကိုစနစ်ကျတဲ့ဝန်ထမ်းစွဲမြဲရေးမဟာဗျူဟာ မရှိတာများပါတယ်။ ဒါဟာတကယ့် Sound Logical စဉ်းစားစရာဖြစ်တယ်။ ဘာကြောင့်လဲ?

Retention ကို Drive မောင်းနှင်နေတဲ့အရာတွေကို သေချာစွာသိရှိနိုင်မှု အားနည်းတာဖြစ်နိုင်ပါတယ်။ များသောအားဖြင့် Owners/ Managers တွေဟာ Employee Retention လုပ်တာကို based on compensation ငွေကြေးခံစားခွင့် ငွေကြေးမက်လုံး တွေအပေါ်မှာဘဲ့ အခြေခံထားကြတယ်။ ဥပမာ ၊လစာ၊bonus တို့ကိုသာမြင်မှာပါ။ဒါတွေဟာလည်း အတိုင်းအတာတစ်ခုထိတော့ ကုစားလို့ရပါတယ်။ ဆေးမြီးတိုကုထုံးလို့လည်းဆိုနိုင်ပါတယ်။ တစ်ကယ်တော့ Retention Drivers တွေဟာ အလွန်လေးနက်ပါတယ်။ ဝန်ထမ်းတွေဘာကြောင့်အလုပ်ထွက်တာလဲ? ဝန်ထမ်းတွေဟာ ထူးခြားတဲ့အကြောင်းအရာမရှိဘဲ အလုပ်ထွက်တာ မရှိပါဘူး။ များသောအားဖြင့် ယေဘူယျအကြောင်းကတော့ သူတို့ထင်ထားသလို မျှော်လင့်ထားသလိုဖြစ်မလာလို့ပါ။ ဒါပေမဲ့ Job Hooper လို့ခေါ်တဲ့ အလုပ်ခုန်တတ်သူကိုတော့ သတိထားရပါမည်။ သူတို့တွေဟာ အသစ်အသစ်တွေကို စူးစမ်းရှာဖွေခြင်လို့ အလုပ်တစ်ခုပြီးတစ်ခုပြောင်းတာရှိတယ်။ တစ်ချို့ကျတော့တစ်နေရာတည်းမှာ အတည်တကျ စွဲစွဲမြဲမြဲမနေတတ်တာမျိုးရှိတတ်။ ကိုယ့်အတွက် ကြီးလေးတယ်၊ ပင်ပန်းတယ်လို့ထင်လာရင် တစ်ခြား သက်သာမယ်ထင်တဲ့နေရာကိုရှာဖို့ ထွက်တာရှိပါတယ်။ ဒီလိုအခြေနေမျိုးမှာ အကျိုးအကြောင်းခိုင်လုံမှုမရှိဘဲအကြောင်းပြချက် တွေ အမျိုးမျိုးပေးပြီးခုန်တတ်ကြပါတယ်။ ဝန်ထမ်းတွေအလုပ်ထွက်နှူံးနည်းနိုင်သမျှနည်း အောင် စီမံဖို့ဆိုတာ Company အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ Employee Retention လုပ်ဖို့ စဉ်းစားရခြင်းအကြောင်းကတော့ ဝန်ထမ်းအလုပ်ထွက်နှုန်းတွေ၊စီးပွားရေးတိုးတက်လာမှုတွေ၊ကျွမ်းကျင်ဝန်ထမ်းတွေမလုံလောက်ခြင်းတွေ ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် Retain လုပ်ထားနိုင်ဖို့လည်း Company တွေဟာ မတူညီတဲ့နည်းလမ်းအမျိုးမျိုးအသုံးပြုပြီး လုပ်ဆောင်နေကြရပါတယ်။ Turnover ဆိုတဲ့ Negative တွေကိုလျှော့ချနိုင်ဖို့ Organization ဘက်က စတင်လုပ်ဆောင်ရမည့်အချက်ကတော့ အစကောင်းမှနှေင်းသေချာဆိုတဲ့အတိုင်း ဝန်ထမ်းစတင်ခန့်တဲ့အချိန်ကအစ The Right Employees to being with လူမှန် နေရာမှန်နှင့် စတင်မိဖို့ဖြစ်ပါတယ်။

To be continue …
Ba Kyaw

"ယိမ်းနေတာတွေငြိမ်စေဖို့ (၂)"
ပစ္စုပ္ပန်မှာတောင် ယိုင်တိုင်တိုင်နဲ့ယိမ်းနေတဲ့ ဝန်ထမ်းတွေကို အနာဂါတ်အတွက်လှမ်းမျော်ပြီးလုပ်ပေးရမယ်ဆိုတော့ မလွန်လွန်းဘူးလားလို့ထင်နိုင်ပါရဲ့။ ဒါပေမဲ့ လုပ်ငန်းဆိုတာများသောအားဖြင့် ရေရှည်ရပ်တည်နိုင်ဖို့၊ရေရှည်လုပ်ကြဖို့ဘဲမဟုတ်လား။ ဒါကြောင့် Career development အနေနဲ့ လက်ရှိလုပ်နေတဲ့ အလုပ်ဟာ ဝန်ထမ်းတစ်ဦးအတွက် အနာဂါတ် အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် ရပ်တည်နိုင်ဖို့အထိ တိုးတက်မှုရှိရန်လည်း လိုပါတယ်။ Company ရဲ့လုပ်ငန်းခွင်လိုအပ်ချက်နှင့် ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အသက်မွေးဝမ်းကျောင်း အလုပ် တိုးတက်မှုနှစ်ခုကြား အချိုးမျှတစွာရှိစေဖို့ စနစ်တကျ စီမံချက်ချထားရန်လိုပါတယ်။ ဝန်ထမ်းတွေအရည်အသွေးတက်လာရင် Company တိုးတက်မှုအတွက် လုပ်ရတာပိုပြီးကောင်းပါတယ်။ ဒါကြောင့် Owners တွေ Managers တွေအနေနဲ့ Career development program သတ်မှတ်ပြီး ဝန်ထမ်းတွေကို ရှင်းလင်းစွာချပြထားပြီး လုပ်ဆောင်ပေးပါက ဝန်ထမ်းတွေဟာ Company အပေါ်မှာ Commitment ယုံမှတ်သက်ဝင်မှုတွေ ရှိလာပြီး Company ရဲ့Visionတွေ၊ Mission တွေဖြစ်တဲ့အနာဂါတ်ရည်မှန်းချက်တွေ၊်မျော်မှန်းချက်တွေပြည့်ဝလာစေဖို့ တက်ကြွစွာ ပါဝင်လာပါတယ်။ ဒီလိုဖြစ်ဖို့အတွက် တိုးတက်မှု အခွင့်အလမ်းတွေလည်း ဖန်တီးပေးဖို့လိုပါတယ်။ နောက်ပြီးတော့ စွမ်းဆောင်ရည်တွေ၊ အရည်အချင်းတွေတိုးတက်လာစေဖို့အတွက် လိုအပ်တဲ့သက်ဆိုင်ရာ သင်တန်းတွေလည်း တက်နိုင်အောင် အခွင့်အရေးတွေပေးဖို့လိုပါတယ်။ Career development သည် Company အတွက်ရော Employee အတွက်ပါအရေးကြီး ပါတယ်။ Career development တွေပံ့ပိုးပေးခြင်းဖြင့် နှစ်ဦးနှစ်ဘက် အကျိုးရှိစေပါတယ်။ ဝန်ထမ်းတွေဘက်ကလည်း Competencies စွမ်းရည်တွေတိုးတက်လာသလို Company အတွက်လည်း ဒီလို အရည်အချင်းပြည့်မှီတဲ့ ဝန်ထမ်းတွေရှိနေခြင်းကြေင့် တခြားပြိုင်ဘက် တွေနဲ့ယှဉ်ရင် Sustainable competitive advantage ယှဉ်ပြိုင်မှုအားသာချက် အမြဲတမ်းရရှိစေပါတယ်။ ဒါကြောင့် Career development သည် နှစ်ဦးနှစ်ဘက် အကျိုးရှိစေတဲ့အပြင် Turnover ကိုပါလျော့ကျနိုင် တဲ့အတွက် Retention Strategy ဗျူဟာ တစ်ခုအနေဖြင့် လုပ်ဆောင်သင့်ပါတယ်။

To be continue …
Ba Kyaw

"သင်ဟာဘောပျော့လား၊ ဘောမာလား"
ဘောပျော့၊ ဘောမာ လို့ဆိုလိုက်ရင်၊ကြားရတာနဝင်ချိုမှာမဟုတ်ပါဘူး။ တစ်ကယ်တော့ မာသောဘောနှင့်ပျော့သောဘောဆိုတာ၊ ရက်စက်ကြမ်းထမ်းခြင်းနှင့်၊ နူးညံ့သိမ်မွေ့ခြင်းသဘောကိုဆိုလိုတာဖြစ်ပါတယ်။ စီးပွါးရေးလုပ်ငန်းတစ်ခုအောင်မြင်ဖို့၊ ပြိုင်ဘက်ကိုအပြတ်အသတ်အနိုင်ရဖို့အပါတ်တစ်ကုတ်အားသွန်ခွန်စိုက်လုပ်ကြတဲ့သူတွေကို၊ Hardball player လို့တင်စားခေါ်ပါတယ်။

စီးပွါးရေးအသိုက်အဝန်းမှာ အောင်နိုင်သူကြီးဖြစ်ဖို့လိုတယ်၊ သူတို့ရဲ့ခံယူချက်က၊ ရဲဘော်သေ သေသော်ငရဲမလား၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောလို့ဆိုမလား။ စီးပွါးရေးအရ ယှဉ်ပြိုင်တဲ့အခါ ပြိုင်ဘက်ကို အပြတ်အသတ်အနိုင်ရဖို့လိုပါတယ်။ ဘောလုံးပြိုင်ပွဲမှာ တစ်ဂိုး နှစ်ဂိုးလောက်သာမဟုတ်ဘဲ၊ ၁၀ဂိုး၊ ဂိုးမရှိနှင့်နိုင်သလိုအပြတ်အသတ်ဖြစ်ဖို့လိုပါတယ်။ တာစထွက်ကတည်းက အသာစီးရအောင်အားမာန်အပြည့်နှင့်ဖိကစားထားရမယ်။ ဒီလိုဆိုရင်တရားပါ့မလား၊ လွန်ရာကျသွားမလားစဉ်းစားစရာမလိုပါ။ ယှဉ်ပြိုင်မှုအသာစီးရတဲ့သူက ဝေါယာဉ်စီးသလို အပေါ်စီးကနေရပြီး၊ ကြံ့ကြံ့မခံနိုင်သူတွေကတော့ တဖြည်းဖြည်းညိုးခြောက်သွားပြီး ကြွေလွင့်သွားရမှာဓမ္မတာဖြစ်နေလို့ပါ။

Hardball player တွေဟာ၊ ဈေးကွက်ဦးဆောင်နိုင်ဖို့၊ အကျိုးအမြတ်ကောင်းကောင်းရဖို့၊ လုပ်ငန်းမြန်မြန်ဆန်ဆန်ကြီးထွားလာဖို့၊ ဂုဏ်သတင်းကျော်ဇောမှုတွေရဖို့အတွက်၊ ယှဉ်ပြိုင်မှုအားသာချက်တစ်ခုတည်းကိုသာအာရုံထားပြီးလုပ်ဆောင်ကြပါတယ်။ အောင်မြင်နေတဲ့ softball players တွေလည်းအမြောက်အများရှိပါတယ်။ Industry အတူထဲမှာ Softball ပုံစံခြင်းတူရင်တော့ အောင်မြင်မှုက ထူးခြားလှမှာမဟုတ်ပါဘူး၊ ဒါမှမဟုတ် နှောက်မှလိုက်လုပ်တဲ့ softball player က၊ ကျန်ခဲ့မှာပါဘဲ့။ ဒါကြောင့် နောက်မှလိုက်လုပ်ရင်တော့၊ Hardball player တွေဟာ ဘီလူးဆိုင်းတီးပြီး ဓါးကြိမ်းကြိမ်းထားကြတယ်လို့ထင်ပါတယ်။ မင်းဘာလဲ ငါဘာလဲဖြစ်လာရင်လည်း၊ ဘုရင့်နောင်ဖောင်ဖျက်တိုက်ပွဲဝင်သလိုဘဲ၊ သေမလား နေမလားဆိုရင်တော့ အသေမခံရအောင်ယှဉ်ပြိုင်မှုအားသာချက်နှင့်အနိုင်ယူဖို့အမြဲဓါးသွေးနေကြတဲ့သူတွေပါ။

Hardball ရဲ့အောင်နိုင်ခြင်းအခြေခံအပြုမှုတွေကတော့၊ ယှဉ်ပြိုင်မှုအားသာချက်အပေါ်မဆုတ်မနစ်အာရုံထားခြင်း၊ ထူးကဲသောအားသာချက်အတွက်ကြိုးပမ်းအားထုတ်ခြင်း၊ ထိပ်တိုက်ထိုးနစ်တိုက်ခိုက်ခြင်းကိုရှောင်ကျဉ်ခြင်း၊ အောင်နိုင်ဖို့အတွက် အကျိုးရှိရှိအသုံးချခြင်း၊ အန္တရယ်ရှိသောဇုံများကိုဂရုတစိုက်ရှိခြင်းတို့ဘဲ့ဖြစ်ပါတယ်။ Hardball ဆိုတာ ဥပဒေဘောင်အပြင်ဘက်ကနေပြီး ကစားတာမဟုတ်ပါ။ ဒါပေမဲ့ သူတို့ကိုကြည့်ရတာ သက်တောင့်သက်သာမရှိလှဘူး။ ရန်မူလာသူတွေကိုဆတိုးပြန်တိုက်ခိုက်တယ်၊ လက်မြှောက်အရှုံးပေးတဲ့အထိအနိုင်ယူဖို့လုပ်တယ်။

အင်အားကြီးမားစရာမလိုပါဘူး၊ ဈေးကွက်ကိုအကျိုးရှိစွာသုတ်သင်နိုင်ဖို့လိုပါတယ်။ ဒါမှ ကုမ္မဏီက သန်မာပြီးအားမာန်အပြည့်နှင့်တက်ကြွနေမှာဖြစ်တယ်။ တစ်ချို့လက်ဝှေ့သမားတွေ အကောင်မကြီးပေမဲ့ ကျစ်လှစ်တောင့်တင်းပြီး မာမာကြောကြောရှိတာတွေမြင်ဘူးကြမှာပါ။ ဒီသဘောပါဘဲ့၊ ဒီလိုအနေထားမှာရှိတဲ့ကုမ္မဏီတွေဟာ၊ ကုန်ထုတ်လုပ်မှုရော၊ ဝန်ဆောင်မှုမှာပါလွန်စွာအားထည့်လုပ်ဆောင်နိုင်ကြတယ်၊ ဒီအတွက် ဖောက်သည်တွေရဲ့ကြေနပ်မှုကိုလည်းပိုရရှိပါတယ်။ တနည်းအားဖြင့် Hardball players တွေဟာကစားတာကြမ်းတဲ့အတွက်၊ ဗိုက်ခေါက်ထူပြီးအဆီပိတ်နေတဲ့ပြိုင်ဘက်တွေကိုမျက်ဖြူဆိုက်၊ဟောဟဲလိုက်စေပါတယ်။

Hardball players တွေဟာခြေခြင်းယှဉ်ကန်နိုင်တယ်၊ လက်သီးခြင်းယှဉ်ထိုးနိုင်အောင်ပြင်ဆင်ကြပြီး၊ သူတို့ရဲ့ကြွေးကြော်သံကတော့၊ ပျင်းတောင်ပျင်းသေးတယ်လို့ပြောမလား၊ စိန်ခေါ်ရင် တိန်ပေါ်ထိလိုက်တယ်လို့ပြောရမလားပါဘဲ့။ နောက်ပြီး၊ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ပြိုင်ဘက်တွေလက်လှမ်းမမှီနိုင်အောင်ကြိုစားကြတယ်၊ ယနေ့ယှဉ်ပြိုင်မှုအသာစီးရထားတဲ့အပေါ်မှာကျေနပ်မနေကြဘဲ မနက်ဖန်အတွက်ဆက်ကြိုးစားကြပါတယ်။

Softball players တွေကတော့ Hardball players တွေနှင့်ယှဉ်လျင် ပိုပြီးအိန္ဒြရေ ရပါတယ်။ သူတို့က hardball နှင့်ယှဉ်လိုက်ရင်၊ အောင်မြင်မှုအတွက်အလွန်ပြင်းပြသောအမူယာပေါ်လွင်မှုမရှိကြဘူး။ လေ့လာသုံးသပ်မှုတွေ အခြေနေစောင့်ကြည့်မှုတွေနှင့်တစ်ဆင့်ပြီးတဆင့်ကစားတတ်ကြတယ်။ Management တွေ၊Planning တွေ၊ Leadership၊ corporate culture၊ Customer care၊ Talent management၊ Employee empowerment စတာတွေနှင့်ပိုပြီးဇောင်းပေးလုပ်တတ်ကြတယ်။ နည်းစနစ် စည်းစနစ်နှင့်လုပ်ကြပါတယ်။ ဒါဟာလည်းကောင်းခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီလိုဆိုရင် hardball player တွေက စီမံခန့်ခွဲမှုတွေ၊ စနစ်တွေမရှိဘဲ ပရမ်းပတာသွားနေကြသူတွေများလား။ မဟုတ်ပါဘူး၊ သူတိုမှာလည်း မူဝါဒကြေငြာစာတမ်းတို့၊ အောင်နိုင်းခြင်းအခြေခံအပြုမှုတို့၊ မဟာဗျူဟာတို့ရှိကြပါတယ်။

Hardball ဆိုတာ စိတ်ကူးရင်သက်သက်မဟုတ်ပါ၊ အောင်မြင်မှုအတွက်လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုကောင်းပြီး အောင်မြင်တဲ့ hardball player ဖြစ်ဖို့၊ ဒီမူဝါဒကြေငြာစာတမ်းနှင့်စတင်ပါလို့ဆိုပါတယ်။ ယှဉ်ပြိုင်မှုအားသာချက်အပေါ် မရပ်မနားအာရုံထားခြင်း၊ ထပ်ဆင့်ထူးကဲသော ယှဉ်ပြိုင်မှုအားသာချက်ရအောင်ကြိုးပမ်းခြင်း၊ ပြိုင်ဘက်ကို တိုက်ရိုက်ထိုးနှက်တိုက်ခိုက်ခြင်းမှရှောင်ရှားခြင်း၊
အောင်မြင်မှုအတွက် စွန့်စားခြင်း၊ သတိထားရမည့်အန္တရယ်ဇုံများကိုသိခြင်းတို့ဖြစ်ပါတယ်။

ဗျူဟာတွေအနေနှင့်ကတော့၊ ပြိုင်ဘက်ရဲ့အကျိုးအမြတ်ရနိုင်တဲ့လမ်းကြောင်းတွေကို မွှေနှောက်ဖျက်ဆီးပစ်ခြင်း၊ ပြိုင်ဘက်ရဲ့အထွတ်အမြတ်အိုင်ဒီယာကိုသိအောင်လုပ်ပြီးပုံတူကူးခြင်း၊ ပြိုင်ဘက်ကိုမျက်စိလည်သွားအောင်လှည့်စားခြင်း၊ အင်အားသုံးအသာစီးရအောင်ချုပ်နှောင်ပြီးလက်လုပ်လက်ရိုက်၊ခြေလုပ်ခြေရိုက်ပြုခြင်း၊ ပြိုင်ဘက်ရဲ့ကုန်ကျစရိတ်တွေမြင့်တက်လာအောင်လုပ်ခြင်းတို့ဖြစ်ပါတယ်။

ဒါတွေကိုကြည့်ခြင်းဖြင့်၊ hardball ဟာ၊ ကြမ်းထမ်းရက်စက်တယ် လူကြမ်းကြီးလို့ထင်ရတယ်။ ဒါဟာစီးပွါးရေးလုပ်နေတာဖြစ်တယ်၊ ဒီလိုမှမဟုတ်ရင် ကိုယ်ဘဲ့ခံသွားရလိမ့်မယ်၊ ဒီအတွက် ဘယ်သူ့ကိုမှတောင်းပန်စရာမလိုဘူးလို့ George stalk, Jr.Rob Lachenauer က ဆိုပါတယ်။

ကဲ … ဒီလိုဆိုရင်၊ သင်ဟာ ဘောပျော့လား၊ ဘောမာလား? သင်ဟာ လုပ်ငန်းရှင်ဘဲ့ဖြစ်ဖြစ်၊ ဝန်ထမ်းဘဲ့ဖြစ်ဖြစ် ဒီနှစ်ခုထဲက ဘယ်လိုစတိုင်ကိုကြိုက်သလဲ၊ ကျား လား၊ မ လား၊ ဒီကြားထဲမှာတော့မဖြစ်ပါစေနဲ့။ လက်ရှိမှာရော၊ ကိုယ်သွားနေတဲ့စတိုင်က၊ ဒီနှစ်ခုထဲက တစ်ခုခုနှင့်တူညီမှုရှိသလား၊ မတူဘူးဆိုရင်တော့ ဘာမှမလုပ်တာကပိုကောင်းပါလိမ့်မယ်၊ မဟုတ်ရင်တော့ အချိန်ကုန်၊ ငွေကုန်၊ လူပန်းရုံကလွဲလို့ဘာမှဖြစ်လာစရာအကြောင်းမရှိလို့ပါ။

To be continue……
Ba Kyaw

“ဟဲလိုရေ:: အနှောင့်ယှက်ဖြစ်နေပြီ”
ထုတ်လုပ်သူထံမှ စားသုံးသူဆီသို့ ကုန်ပစ္စည်းသို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်စီးဆင်းနိုင်ဖို့ အတွက် စီးပွါးရေးလုပ်ငန်းတစ်ခုရဲ့လုပ်ဆောင်ချက်တွေမှာ Marketing ရဲ့ လုပ်ဆောင်ချက်ဟာလည်း တစ်ခုအပါဝင်ဖြစ်ပါတယ်။ ပြောချင်တာက Marketing အကြောင်းမဟုတ်ပါဘူး။ Marketing ကိုဖော်ဆောင်တဲ့ ခြေတံလက်တံတွေရဲ့ လုပ်ရှားမှုတွေမှာ Ethics နဲ့ဆိုင်နေတဲ့အပိုင်းတစ်ချို့ကို ပြောချင်တာဖြစ်ပါတယ်။

ဈေးကွက်မှာ မိမိတို့ထုတ်ကုန်သို့မဟုတ် ဝန်ဆောင်မှုတွေ အရောင်းမြင့်တက်လာဖို့အတွက် Marketers တွေ ဆောင်ရွက်နေရာမှာ Ethical နှင့်ပတ်သက်တဲ့မေစရာမေးခွန်းတွေ အမြောက်အများဖြစ်လာပါတယ်။ Consumer promotion/Trade promotion တို့ဆိုတာ Marketing သဘောအရလုပ်ဖို့လိုအပ်ပါတယ်။ ခရိုနီတို့၊ မိုနိုပိုလီတို့ကတော့ရှင်းတယ်၊ marketing မလုပ်ဘူး၊ ဒါဘဲ့ရှိတယ်၊ ဒီလောက်ဘဲ့ရမယ် ကြိုက်ရင်ဝယ်ဆိုတဲ့ပုံစံနှင့်သွားတယ်။ သို့သော် တစ်ချို့က လိုတာထက်ပိုလာရင်တော့ အရပ်စကားနဲ့ပြောရင် ဂွင်ဆင်တယ်ပေါ့။ ဒါကို “Deceptive and Manipulative Marketing Practices” လို့ခေါ်ပါတယ်။ ချုပ်နှောင်ချည်လည်ချင်တယ်၊ လုပ်သလိုခံစေချင်တယ်။ လွန်လွန်ကျူးကျူးလုပ်လာရင် စားသုံးသူကို စော်ကားတဲ့သဘောဖြစ်လာတယ်။ သဘောက ဘယ်လို Promotion တွေပေးပေး ကိုယ်ကျိုးသို့မဟုတ် ကုမ္မဏီအကျိုးအတွက် အခြေနေတစ်ရပ်ကိုဖန်တီးထားတာတွေဖြစ်ပါတယ်။ ဒါကိုသိလာတဲ့ Customer တွေဟာ ဒေါသထွက်လာပြီး ယုံကြည်မှုအားနည်းလာပါတယ်။ ဒါကြောင့် Brand Reputation ဟာလည်း Negative ဘက်ကို ဆောင်ကျည်းလာစေပါတယ်။

Ethics ဆိုတာ သိတတ်စောင့်ထိန်းရမဲ့ကျင့်ဝတ်တွေပါ။ စီးပွါးရေးမှာလည်း စီးပွါးရေးကျင့်ဝတ်ရှိပါတယ်။ ဒါကို စီးပွါးရေးအသိုက်ဝန်းတစ်ခုလုံးမှာပါဝင်နေတဲ့လူတွေက လိုက်နာစောင့်ထိန်းဖို့လိုပါတယ်။ စီးပွါးရေးနှင့်ပတ်သက်တဲ့ Ethics တွေကလွန်စွာကျယ်ပြန့်လှပါတယ်။ လုပ်ဆောင်ချက်တွေတိုင်းမှာပါဝင်ပါတ်သက်မှုရှိပါတယ်။ ကုန်ပစ္စည်းသို့မဟုတ်ဝန်ဆောင်မှုရဲ့အရည်သွေး အမှတ်တံဆိပ်ဒီဇိုင်း ပါဝင်တဲ့စာသားများ ဈေးနှုန်း ကြော်ငြာ ရောင်းချခြင်းချုပ်ထိန်းမှု စသဖြင့်အမြောက်အများပါဝင်ပါတယ်။ မိမိရဲ့အကျိုးမြတ်အတွက်လုပ်ဆောင်ကြရာမှာ Ethics ဆိုတာကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အများစုက မျက်ကွယ်ပြုတတ်ကြပါတယ်။ လွယ်ကူမြင်သာအောင် အပေါ်ယံပြောရရင် ဥပမာ ကျွန်တော်သည် ခြင်ဆေးခွေထုတ်လုပ်ပြီး အမှိုက်ပုံတွေ ပိတ်ဆို့နေတဲ့ရေမြောင်းတွေကို တော်ရုံနှင့်လာမရှင်းဖို့ စည်ပင်အောက်ခြေဝန်ထမ်းတွေကိုညှိနှိုင်းပြီးခြင်တွေပိုပေါက်ပွားလာအောင်လုပ်မယ်ဆိုရင်တော့ ကျင့်ဝတ်ချိုးဖောက်တာပါဘဲ့။ လုပ်ငန်းတူပြိုင်ဘက်ကုမ္မဏီတွေဆီက ဝန်ထမ်းတွေကိုခေါ်ထုတ်တာ၊မိမိရဲ့ထုတ်ကုန်ကိုရောင်းရဖို့ ပြိုင်ဘက်ကုမ္မဏီရဲ့ထုတ်ကုန်ကို မကောင်းကြောင်းတွေပြောတာတွေကလည်း ကျင့်ဝတ်ချိုးဖောက်တာပါဘဲ။

တစ်ချို့အပိုင်းမှာ ပြောဖို့မလိုဘဲ ကိုယ့်အသိတရားနှင့်ကိုယ်စောင့်ထိန်းရမဲ့ ဆောင်ရန်ရှောင်ရန်တွေ အများကြီးရှိပါတယ်။ ဥပမာ စီးပွါးရေးလုပ်ငန်းအချင်းချင်း ပိတ်ရက်မတိုင်မှီညနေဘက်နှင့် ပြန်ဖွင့်တဲ့ရက်မနက်ပိုင်းတွေမှာ Marketing ဆင်းခြင်း Credit Collection လုပ်ခြင်းတွေကိုဆင်ခြင်သင့်ပါတယ်။ ဒီလိုအချိန်တွေမှာ အလုပ်ရှုပ်တတ်တဲ့အတွက် ကိုယ့်ကိုစိတ်မဝင်စားတာ အမြင်မကြည်တာတွေဖြစ်တတ်ပါတယ်။ ဒီလိုအသေးမွှားလေးတောင်ဂရုစိုက်သင့်တာကို နေ့ရောညပါအချိန်ရွေး လုပ်ဆောင်နေတဲ့အရာတစ်ခုကြောင့် တစ်ချို့သုံးစွဲသူတွေ အမှတ်တမဲ့ရှိပေမဲ့ ကျွန်တော်အနေနဲ့ စိတ်အနှောက်ယှက်ဖြစ်ရတာကိုပြောချင်ပါတယ်။ ကျောင်းတုန်းက သင်ခဲ့ရတဲ့ Ethics in Business ဆိုတာကိုပြန်သတိရလာတယ်။ ဒါပေမဲ့ အချိန်တစ်ခုကို စောင့်ပြီးလျော့ကျလာမလားကြည့်တော့ ပိုဆိုးလာပါတယ်။ privacy ချိုးဖောက်ခံထိနေတယ်ထင်လို့ပါ။

အားလုံးသိကြတဲ့အတိုင်းဘဲ့ Telecom Operators တွေကို FDI ပေးပြီးလုပ်ဆောင်စေတဲ့အတွက် လွန်စွာမှတိုးတက်ကောင်းမွန်လာတာမျက်မြင်ပါဘဲ။ ယခင်ကလို မတန်မဆဈေးနဲ့မပေးရတော့သလို အသုံးပြုရာမှာလည်း ကျေနပ်မှုကို အတိုင်းတာတစ်ခုထိရရှိလာပါတယ်။ ဒါကတော့ Product Quality အပိုင်းကိုလက်ခံတာဖြစ်ပါတယ်။ စကားမစပ် လျှပ်စစ်မီးကိုလည်း ရေအား၊ လေအား၊ နေစွမ်းအား၊ ဂစ်တာဘိုင်၊ လောင်စာစွမ်းအင်တွေနှင့် ကြိုက်တဲ့လျှပ်စစ်အမျိုးစားရွေးသုံးနိုင်တဲ့ပုံစံ ယခုလိုရရှိမယ်ဆိုရင်တော့ လွန်စွာကျေးဇူးတင်မှာအမှန်ပါ။

အထူးပြောပြချင်တာကတော့ Business Ethics အရ Privacy ချိုးဖောက်ခံနေရတဲ့ Telecom Operators များရဲ့ မရိုးနိုင်တဲ့ Promotion အစီစဉ်များ စီးပွါးရေးကြော်ငြာများကို SMS ဖြင့်ပို့ခြင်း Voice Call ခေါ်ပြီးပို့ခြင်း မိမိကိုင်ထားသော ယခင် MPT ဖုန်းနံပါတ်နှင့်တူသောတစ်ခြား Operators နံပါတ်ကိုစပ်ရောင်းရန်ဖုန်းခေါ်ဆိုခြင်းကြောင့် အလုပ်ရှုပ်နေချိန် အစည်းဝေးထဲရှိနေချိန် အိပ်စက်အနားယူနေချိန် ဖုန်းပြေးကိုင်ရတဲ့အခါတွေမျိုးမှာ ကိုယ့်အတွက်ဘာမဟုတ်တဲ့ SMS တွေ Voice Call နဲ့ကြော်ငြာပို့တာတွေ Sim Card အရောင်းစပ်တာတွေကြောင့်စိတ်အနှောင့်ယှက်လွန်စွာဖြစ်ရပါတယ်။ Sim Card အရောင်းစပ်တဲ့ဖုန်းဟာ နိုင်ငံရပ်ခြားရောက်တဲ့အထိ ဝင်လာတတ်ပါတယ်။ အဆိုဆုံးကတော့ auto voice call ခေါ်ပြီး product ကြော်ငြာပို့တာပါဘဲ။

Printing Media တွေ Broadcasting တွေဆိုတာ ကိုယ်ကဖတ်မှ ကြည့်မှမြင်ရ ကြားရတာဖြစ်တယ်။ ကိုယ်စိတ်မဝင်စားရင်ရှောင်လို့ရတယ်။ ယ္ခုအနေထားက ကိုယ်ကြိုက်ကြိုက်မကြိုက်ကြိုက် စိတ်ပါပါမပါပါ လက်ထဲအရောက်လာထဲ့ပေးတာပါ။ ကိုယ့်မှာဖွင့်ကြည့်ရတာ နားထောင်ရတာနဲ့အလုပ်ရှုပ်ရပါတယ်။ ခဏခဏပို့တာတွေဟာအနှောင့်ယှက်ဖြစ်ပါတယ်။ တခြားအရေးကြီးတာတွေအတွက်အချိန်ကုန်ပါတယ်။ စိတ်မဝင်စားလို့ Delete ကိုအကြိမ်ကြိမ်လုပ်နေရတဲ့အတွက် ကိုယ့်ကိုအလုပ်ပေးသလို အနှောင့်ယှက်ပေးသလိုဖြစ်နေပါတယ်။ နိုင်ငံကြီးတွေမှာဆိုရင်တော့ ပြောလို့အရမ်းကောင်းတဲ့ကိစ္စပါ။ operator နှစ်ခုရဲ့နံပါတ်မှာ၊ တစ်ခုက တော်တော်စိတ်ကသိကအောက်ဖြစ်ရပါတယ်။

လွန်ဘေးတန်ဆေးဆိုသလို ဘာမဆိုအလွန်အကျော်ဖြစ်လာရင်မကောင်းပါဘူး။ SMS ထက်ဆိုးတာက Voice Call ခေါ်ပြီးကြော်ငြာပို့တာက အရမ်းကိုဘောင်ကျော်လာပါတယ်။ စိတ်ဝင်စားတဲ့သူတွေကလည်းရှိနေသ၍တော့ ဒီလိုလုပ်ရပ်တွေခေတ်စားနေအုံးမှာပါဘဲ။ ကျွန်တော်တို့ဆီမှာတော့ ဒီဗျုဟာက Marketer တွေရဲ့စိတ်ကြိုက်လက်နက်တစ်ခုဖြစ်နေပါတယ်။ ဘာကြောင့်ဆိုတော့ ကုန်ကျစရိတ်သက်သက်သာသာနဲ့ Consumer တွေဆီတိုက်ရိုက်အများဆုံးရောက်နိုင်တဲ့အနေထားဖြစ်နေလို့ပါဘဲ။ ပေါချောင်ကောင်းတွေဟာ ဆေးမြီးတိုသာကောင်းပေမဲ့ ရေရှည်မှာစိတ်အနှောင့်ယှက်ဖြစ်ရတာအမှန်ပါဘဲ။

To be continue…..
Ba Kyaw

"သင့်ကြောင့် ပလပ်စတစ်ညစ်ညမ်းမှုမဖြစ်ပါစေနှင့်"

၂၀၁၈ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တုန်းက ကမ္ဘာ့ပါတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပွဲကျင်းပဖို့အတွက် နိုင်ငံတကာခေါင်းစဉ် “ပလပ်စတစ်ညစ်ညမ်းမှုကိုတိုက်ဖျက်ကြစို့” ဆိုတဲ့ခေါင်းစဉ်ကြီးကြောင့် လုပ်ငန်းရှင်တွေအတွက်အရေးကြီးခဲ့ရသလို ပလပ်စတစ်ကိုအမြင်မကြည်သူတွေအတွက်ခံတွင်းတွေ့စေခဲ့ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌါနရဲ့ဖိတ်ကြားချက်ကြောင့် ရန်ကုန်နှင့် နေပြည်တော် အခမ်းနားကျင်းပရာနေရာနှစ်ခုစလုံးမှာ မြန်မာနိုင်ငံပလပ်စတစ်လုပ်ငန်းရှင်များအသင်းအနေနှင့် ပညာပေးပြခန်းတွေ ပါဝင်ပြသခဲ့ပါတယ်။ နေပြည်တော်အခမ်းနားရဲ့ ဆွေးနွေးပွဲစကားဝိုင်းမှာ မူလစာရင်းပေးထားသူက ရုတ်တရက်ကျန်းမာရေးအခြေနေကြောင့် ဆွေးနွေးပွဲမစမှီ ၁၅ မိနစ်အလိုမှာမှ ဘကျော်ကိုလူစားထိုးဖို့ မဲကျခဲ့ပါတယ်။ ဆွေးနွေးပွဲမှာပါတဲ့ ညွန်မှုးတစ်ယောက်ကလည်း ဘာမှစိတ်မပူပါနဲ့ဗျာ၊ မတန်ကာ တစ်ယောက်တစ်ခွန်းဝိုင်းထောင်းတာခံရဖို့လောက်ပါဗျာလို့ နှောက်ပြောင်လိုက်ပေမဲ့ ဘကျော်ကတော့ တကယ်ကိုဘဲ့ပူထူခဲ့ရပါတယ်။ ဒါပေမဲ့ ဘယ်ရမလဲ၊ ဘကျော်ကတော့ရှိစုမဲ့စုသိက္ခာလေးထိန်းမှဖြစ်မယ်၊ ယ္ခုခေါင်းစဉ်က ပလပ်စတစ်အမှိုက်ကြောင့်ဖြစ်တဲ့ပလပ်စတစ်ညစ်ညမ်းမှုကိုတိုက်ဖျက်ဖို့ပြောတာဖြစ်တယ်၊ ပလပ်စတစ်ကိုတိုက်ဖျက်ဖို့ပြောတာမဟုတ်ဘူးဆိုတာကွဲပြားအောင်မီးမောင်းထိုးပြဖို့အခွင့်ရေးဘဲ့လို့ကိုယ့်ဖာသာအားပေးပြီး၊ မနိုင်ချင်နေ၊ သရေတော့ရအောင်ကန်မယ်၊ဘောင်ဝင်အောင်ပြောမယ်ဆုံးဖြတ်ပြီး သိသလောက်လေးတွေကိုဂျက်တွေရေးချကာ စင်ပေါ်တက်ရပါပြီလေ။

ဆွေးနွေးပွဲအစ တစ်ဦးချင်းမိတ်ဆက်တဲ့အခါ၊ ကျွန်တော့်အနေနှင့် ထုတ်လုပ်သူကဏ္ဌကနေပြီးပြောရတာဖြစ်တဲ့အတွက်၊ ပလပ်စတစ်အပေါ်မှာ အပြုသဘောဆောင်အမြင်ဖြစ်ခဲ့ရင်နားလည်ပေးဖို့ကြိုတင်မေတ္တာရပ်ခံထားရပါတယ်။ တကယ်တော့ ကျွန်တော်က လူတွေအမြင်စူးနေတဲ့တစ်ခါသုံးအိတ်တွေထုတ်လုပ်သူမဟုတ်ပါဘူး၊ မြန်မာနိုင်ငံပလပ်စတစ်လုပ်ငန်းရှင်များအသင်းရဲ့ကိုယ်စား ပလပ်စတစ်ဆိုတဲ့စကားရပ်အတွက်ကိုယ်စားပြုပြောချင်းသာဖြစ်ပါတယ်။

ပလပ်စတစ်ကို လူတွေစတင်သုံးစွဲလာတာ ယ္ခုဆိုရင်နှစ်ပေါင်း ၅၀ ကျော်လာခဲ့ပါပြီ။ နှစ်တွေကြာလာတာနှင့်အမျှ၊ ပလပ်စတစ်ရဲ့အသုံးဝင်ပုံတွေကတစ်စတစ်စကြီးထွားလာပြီး လူသားတွေအတွက် အလွန်အသုံးဝင်လို့ တစ်သားတည်းလိုတောင်မှနေရာရခဲ့ပါတယ်။ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ကဏ္ဌတွေမှာ လွန်စွာပါဝင်လာခဲ့ပါတယ်။ ပလပ်စတစ်ဟာ၊ စရိတ်သက်သာတယ်၊ ထုတ်လုပ်မှုလွယ်ကူတယ်၊ ကြာရှည်အသုံးခံတယ်၊ လျှပ်ကူးမှုကာကွယ်တယ် စသဖြင့် အားသာချက်တွေကြောင့်၊ တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ အပ်ကနေစပြီး ဒုံးပျံထိ ပလပ်စတစ်တွေကိုအသုံးပြုလာကြပါတယ်။ နေ့တစ်နေ့ရဲ့အစကနေအဆုံးထိ လူသားတွေဟာ ပလပ်စတစ်နှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေထိတွေ့အသုံးပြုနေကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။ မီးဖိုဂျောင်သုံးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊လျပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ၊ အဝတ်အထည်နှင့်ပိတ်စများ၊ ပရိဘောဂပစ္စည်းများ၊ ဆေးကုသရေးပစ္စည်းများ၊ ကား၊ ရထား၊ လေယဉ်၊ သင်္ဘော စသည် စသဖြင့် A to Z အထိ ပလပ်စတစ်တွေပါဝင်နေလို့ပါဘဲ့။

ပလပ်စတစ်ပစ္စည်းထုတ်လုပ်မှုနှင့် သုံးစွဲမှုအားလုံးရဲ့ ၆၅ရာခိုင်နှုံးကျော်ဟာ၊ ပါကင်ထုတ်ပိုးမှုပစ္စည်းများအတွက်ဖြစ်နေပါတယ်။ တစ်ခါသုံးအနေနှင့်သော်လည်းကောင်း ရေရှည်သုံးပစ္စည်းအနေနှင့်သော်လည်းကောင်း ပလပ်စတစ်ကိုတွင်ကျယ်စွာထုတ်လုပ်လာသလို အသုံးပြုခြင်းကလည်းပိုပြီးတွင်ကျယ်လာပါတယ်။ တစ်ခါသုံးဆိုသည့်အတိုင်း တစ်ခါသုံးပြီးလျင်များသောအားဖြင့်စွန့်ပစ်ကြပါတယ်။ ပြသာနာကဒီမှာအစပြုလာပါတော့တယ်။ အထူးသဖြင့် ဖွိဖြိုးဆဲနှင့် မဖွိ.ဖြိုးသေးတဲ့နိုင်ငံတွေမျိုးမှာ အမှိုက်သရိုက်တွေရှုပ်ပွနေတတ်ပါတယ်။ အဓိကက လူတွေဟာ စည်းကမ်းဆိုတာထက် စားဝတ်နေရေးအတွက်ပထမဦးစားပေးပြီးပုံစံမျိုးစုံနှင့်လှုပ်ရှားနေရပါတယ်။ အစိုးရဘက်ကလည်း တံမျက်စည်းလှဲ အမှိုက်သိမ်းတာထက် အရေးကြီးတာတွေကိုအာရုံစိုက်ကြပါတယ်။ သုံးစွဲသူတွေက၊ အမှိုက်ကိုအလွယ်တစ်ကူစွန့်ပစ်ကြတယ်။ အမှိုက်သီးသန့်တကူးတကလိုက်ဖွတဲ့သူဆိုတာမရှိပါဘူး။ လွယ်လင့်တကူစွန့်ပစ်ခြင်းနှင့်၊ သိမ်းစည်းမှုအားနည်းတဲ့အတွက်ကြောင့်အမှိုက်တွေဟာ နေရာမျိုးစုံကို ပုံစံမျိးစုံနှင့်ရောက်သွားပါတော့တယ်။ မြို့ပြတွေရဲ့မြောင်းတွေမှာပိတ်ဆို့ပြီး ရေမစီးနိုင်လို့ရေတွေလျှံတယ်၊ ချောင်းမြောင်းမှတစ်ဆင့်သော်လည်းကောင်း၊ လူတွေတိုက်ရိုက်စွန်ပစ်ခြင်းကြောင့်သော်လည်းကောင်း ပင်လယ်သမုဒ္တရာထဲရောက်ပြီး ရေသတ္တဝါတွေကအစာအဖြစ်မှတ်လို့စားကြတယ်၊ အဲဒီသတ္တဝါတွေကိုလူတွေကပြန်စားကြတယ်ဆိုတဲ့သံသရာလည်ပြီး အသက်ဆုံးရှုံးကြရတယ်။ အကျဉ်းချုပ်လိုက်ရင် အမှိုက်ပေါင်းစုံအထဲမှာ ပလပ်စတစ်အမှိုက်က နှစ်ပေါင်းများစွာပျက်စီးပြိုကွဲမသွားဘဲ နှစ်ပေါင်းရာ ထောင်အထိတည်ရှိနေပြီး လူသားတွေအတွက်အန္တရာယ်ရှိလာတာကြောင့် ပလပ်စတစ်အမှိုက်ကိုကန့်သတ်ထိမ်းချုပ်ဖို့ဖြစ်လာပါတော့တယ်။

တကယ်တမ်းဆိုရင် အရာတိုင်းမှာအစွန်းနှစ်ဘက်ရှိကြပါတယ်၊ အကျိုးသက်ရောက်မှုက အချိန်ကိုက်ဖြစ်ရင်အကောင်းဘက်ကိုသတ်မှတ်ပြီး အချိန်ကိုက်မဖြစ်ခဲ့ရင်အဆိုးဘက်ကိုပို့ အပြစ်ပြောခြင်း ငြင်းကန်ခြင်းပြုကြတာဖြစ်ပါတယ်။ အလွန်ကျွန်သုံးစွဲမှုတိုင်းမှာ အပျက်သဘောကိုဦးတည်ပါတယ်။ စနစ်တစ်ကျ သုံးစွဲခြင်းသည်သာလျင်ထိရောက်သောအကျိုးသက်ရောက်မှုကိုရရှိစေပါတယ်။ ထမင်းစားပြီးလျင်၊ အိမ်သာတက်ပြီးလျင် လက်ကိုစနစ်တစ်ကျစင်ကျယ်အောင်ဆေးကြောခြင်းမပြုဘဲ အစာစားခြင်းကြိမ်ဖန်များလာလျင် စနစ်တစ်ကျမဆေးကြောခြင်းကြောင့်ရောဂါဝေဒနာတစ်ခုခုခံစားရမှာသေချာပါတယ်။ စက်ရုံအလုပ်ရုံကြီးတွေ၊မော်တော်ယာဉ်၊အဲယားကွန်း၊ရေခဲသေတ္တာတွေအသုံးပြုမှု အလွန်ကျွန်ဖြစ်လာရင်လည်း ကာဗွန်ဒိုင်အောက်ဆိုဒ်များပြီးလေထုညစ်ညမ်းတာတွေဖြစ်မှာပါ။ သစ်ပင်တွေအလွန်ကျွန်ခုတ်လို့သစ်တောပြုန်းတီးလာရင်လည်း ရာသီဥတုဖောက်ပြန်ပြီးရေကြီးရေလွမ်းဒဏ်ခံကြရမှာပါဘဲ့။ လျပ်စစ်မီးလည်းစနစ်တကျသုံးစွဲရင်အကျိုးများသလို စနစ်တကျမဟုတ်မလေးမစားအသုံးပြုရင်လည်းအသက်အန္တရယ်ကိုထိခိုက်နိုင်တာပါဘဲ့။

ပလပ်စတစ်အမှိုက်ကြောင့်ဖြစ်တဲ့ညစ်ညမ်းမှုတွေဟာ သုံးစွဲသူတွေကြောင့်ဖြစ်ရတာပါ။ သဘာဝပတ်ဝန်းကျင်ကိုပလပ်စတစ်ကသွားပြီးဒုက္ခပေးနေတာမဟုတ်ပါဘူး။ ဒါကိုပြုပြင်လို့ရတာ လုပ်ယူရင်ရတာဖြစ်လို့ပလပ်စတစ်ကိုစနစ်တကျဘယ်လိုအသုံးပြုမလဲဆိုပြီးတစ်ကမ္ဘာလုံးကဝိုင်းပြီးစဉ်းစားလာလိုက်ကြတာ ယ္ခုဆိုရင် လူသားတွေအတွက်လက်တွေ့ကျပြီးလုပ်ဆောင်လို့ရနိုင်တဲ့ “3 R” Reuse ပြန်လည်အသုံးပြုခြင်း၊ Reduce လျော့ချအသုံးပြုခြင်း၊ Recycle ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း ဆိုတာကိုအခြေခံပြီး အသုံးပြုကြဖို့ အတည်ပြုခဲ့ကြပါတယ်။ အခြားနည်းလမ်းတွေလည်းရှာဖွေတီထွင်နေကြပေမဲ့ ဒီ “3R”က လွယ်ကူ လျင်မြန်ပြီးထိရောက်မှုရှိတဲ့အတွက် ကမ္ဘာမှာပိုပြီးလက်ခံကျင့်သုံးလာပါတယ်။ ကျွနုပ်တို့လည်း ဒီလိုကောင်းတဲ့နည်းလမ်း၊ အလေ့အကျင့်တွေကို လိုက်နာဆောင်ရွက်သင့်ပါပြီ၊ နောက်ကျမှလိုက်လုပ်တဲ့အတွက် သူများတွေကိုမှီအောင်၊ အချိန်တစ်ခုအတွင်းမှာ သိသာတဲ့အရွေ့တစ်ခုရအောင် ဆတိုးပြီးလုပ်သင့်ပါပြီ။

“Reduce”တစ်ခါသုံးပလပ်စတစ်ပစ္စည်းတွေကို တတ်နိုင်သလောက်လျော့သုံးဖို့နည်းမျိုးစုံစဉ်းစားပြီး အသိပညာပေးခြင်း စည်းရုံးခြင်းတွေကို လူမှုအဖွဲ့စည်းတွေဆောင်ရွက်နေကြပါတယ်။ ဥပမာ ရေသန့်ဗူးတွေအသုံးလျော့အောင် မိမိကိုယ်ပိုင်ဗူးလေးဆောင်ထားပြီးထပ်ခါထပ်ခါဖြည့်အသုံးပြုခြင်း၊ အစားအသောက်တွေပါဆယ်ဝယ်တဲ့အခါ မိမိအိမ်မှချိုင့်ယူဆောင်ပြီးထဲ့ခြင်း၊ အရည်တစ်ခုခုသောက်တဲ့အခါ ပိုက်ဖြင့်စုတ်သောက်တာမလုပ်ဘဲ ပါးစပ်ဖြင့်တိုက်ရိုက်သောက်ခြင်း၊ တစ်ခါသုံးခွက်တွေကိုအဖုံးသီးသန့်ပိတ်တာလျော့ချခြင်းစသဖြင့် အတွေးခေါ်တွေပြောင်းလာပြီးအလေ့ကျင့်ဖြစ်လာစေဖို့ကျိုးစားနေကြပါပြီ။

ပလပ်စတစ်သုံးစွဲခြင်းကိုလျော့ချပါဆိုတဲ့အောက်မှာနှစ်မျိုးထပ်ပြီးရှိပါမယ်၊ တစ်မျိုးက ထုတ်လုပ်သူတွေဘက်ကဖြစ်ပြီး နောက်တစ်မျိုးက သုံးစွဲသူတွေဘက်ကဖြစ်ပါတယ်။ ထုတ်လုပ်သူတွေဘက်ကလည်း ယ္ခင်ထုတ်လုပ်နေတာထက်ပိုပြီးကျစ်လစ်တဲ့ဒီဇိုင်းတွေနှင့်ထုတ်ရပါမယ်။ ဥပမာ၊ တစ်ခါသုံးရေသန့်ဗူးကို အလေးချိန်လျော့ချပြီးပါးနိုင်သလောက်ပါးချတာ၊ ဗူးအဖုံးကိုလည်းသေးနိုင်သမျသေးပြီးထုတ်လျင်၊ ပလပ်စတစ်ကုန်ကြမ်းအသုံးပြုမှုလျော့သွားပါမည်။ ထိုနည်းတူစွာ တစ်ခြားပလပ်စတစ်ထုတ်ကုန်တွေကိုလည်း ကျင့်လစ်တဲ့ဒီဇိုင်းတွေတဖြည်းဖြည်းထွင်သွားဖို့လိုပါတယ်။ သုံးစွဲသူတွေဟာ လျော့ချခြင်းဆိုတာကို reject ငြင်းဆန်ခြင်းပုံစံဖြင့်ပြုလုပ်နိုင်ပါတယ်။ ဥပမာ ဆေးကောင်တာမှာဆေးကပ်လေး တစ်ကဒ်ဝယ်လို့ ပလပ်စတစ်အိတ်ထဲ့ပေးတာကို မထဲ့ပေးလည်းရတဲ့အတွက်ငြင်းဆန်နိုင်ပါတယ်။ မိမိအိတ်ကပ်၊ ဒါမှမဟုတ် ပိုက်ဆံအိတ်ထဲအလွယ်တကူထဲ့ဆောင်သွားလို့ရသလို ထည့်ပေးလိုက်တဲ့အိတ်သေးသေးလေးကလည်း တခြားတော်တန်ရုံနေရာမှာပြန်အသုံးမဝင်နိုင်တာကြောင့်၊ စွန့်ပစ်ဖို့သာရှိပါတော့တယ်။ မလိုအပ်ဘဲ အိတ်ကိုနှစ်ထပ်ထပ်ပြီးအသုံးပြုခြင်းကိုရှောင်ပါ။ သေးမွှားသောအရာလေးတွေဝယ်ယူတဲ့အခါ ကိုယ့်ရဲ့ကြောပိုးအိတ်၊ လက်ကိုင်အိတ်ထဲကိုထဲ့ယူခြင်းဖြင့်ငြင်းဆန်နိုင်ပါတယ်။ လျော့ချခြင်းရဲ့အောက်မှာ Return ပြန်လည်ပေးအပ်ခြင်းလည်းပြုနိုင်ပါတယ်။ ဥပမာ မိမိအသုံးပြုပြီးတဲ့အိတ်တွေကိုအသုံးမလိုတော့တဲ့အခါ၊ အခြားနေရာမှာပြန်သုံးလို့ရအောင်စနစ်တစ်ကျစုဆောင်းပြီး ကိုယ့်နှင့်နီးစပ်ရာလမ်းထဲ၊ ရပ်ကွက်ထဲမှာရှိတဲ့အိမ်ဆိုင်၊ကုန်စုံဆိုင်သေးလေးတွေ၊ ရပ်ကွက်ဈေးထဲကဗျတ်ထိုးဈေးသည်တွေကိုပြန်ပေးခြင်းဖြင့် အသစ်အသစ်တွေဝယ်ပြီးသုံးစရာမလိုတော့ဘဲထပ်တိုးသုံးစွဲခြင်းကိုလျော့ချနိုင်ပါတယ်။

“Reuse” ပလပ်စတစ်ကိုပြန်လည်အသုံးပြုခြင်းဆိုတာ၊ အထူးသဖြင့် ပစ္စည်းတွေထုတ်ပိုးခြင်း သယ်ဆောင်ခြင်းနေရာတွေမှာအသုံးပြုတဲ့ ပလပ်စတစ်အိတ်တွေကို အသုံးပြုလို့ရနိုင်သလောက် အကြိမ်ကြိမ်ပြန်လည်သုံးဖို့ဆိုတာပါ။ ထုတ်ပိုးလာတဲ့ပစ္စည်းတွေကိုယူထုတ်ပြီးရင် အိတ်ကိုဖြဲပစ်တာ လွင့်ပစ်တာမျိုးမလုပ်ဘဲ ဆေးကြောဖို့လိုပါကစနစ်တစ်ကျဆေးကြော ခေါက်သိမ်းပြီး နောက်တစ်ကြိမ်အသုံးလိုတဲ့အခါ သတိတရနှင့်ယူဆောင်အသုံးပြုဖို့ဆိုလိုတာဖြစ်ပါတယ်။

“Recycle” ပလပ်စတစ်ကိုပြန်လည်ပြုပြင်ထုတ်လုပ်ခြင်းဆိုတာက၊ အသုံးပြုလို့မရတော့တဲ့စွန့်ပစ်ဖြစ်စေ၊ နည်းမျိုးစုံနှင့်စွန့်ပစ်လိုက်တဲ့ပလပ်စတစ်ပစ္စည်းတွေကို အမျိုးစားခွဲခြင်း၊ ဆေးကြောသန့်စင်ခြင်း၊ ကြိတ်ခွဲပြီးပြန်လည်ကျိုချက်ခြင်းစသဖြင့်လိုအပ်သလိုအဆင့်ဆင့်ပြုပြင်ပြီး၊ ပလပ်စတစ်ကုန်ကြမ်း ကုန်ချောထုတ်ကုန်တစ်ခုပြန်လည်ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းကြောင့်ပတ်ဝန်းကျင်မှာ ရှုပ်ပွလာမည့်ပလပ်စတစ်အမှိုက်တွေကိုလျော့ချနိုင်မည့်အပြင်၊ ကုန်ကြမ်းအသစ်တွေထုတ်လုပ်ဖို့အရင်းအမြစ်ထုတ်ယူသုံးစွဲမှုကိုပါလျော့ကျစေပါတယ်။

ပလပ်စတစ်နေရာမှာ အခြားအရင်းအမြစ်အစားထိုးအသုံးပြုခြင်းအတွက်လည်း စဉ်းစားကြပေမဲ့ ပလပ်စတစ်ထုတ်ကုန်လောက် လွယ်ကူ၊ လျင်မြန် ၊ အသုံးခံ၊ သက်သာခြင်းဆိုတာတွေက ထုတ်လုပ်မှုအတွက် တစ်ကယ်လက်တွေ့မှာ ထင်သလောက်ခရီးမပေါက်လို့ စီးပွါးဖြစ်တွက်ခြေမကိုက်ဖြစ်နေပါတယ်။ စကားဝိုင်းရဲ့နိဂုံးအနေနှင့်ကတော့၊ခိုင်းတတ်လျင်နွား မခိုင်းတတ်လျင်ကျားဖြစ်သွားမဲ့၊ လူသားတွေရဲ့လူနေမှုဘဝအတွက် ဘက်စုံအသုံးဝင်နေတဲ့ပလပ်စတစ်ကို ရေရှည်အသုံးပြုနိုင်အောင်၊ ပလပ်စတစ်အနေဖြင့်လူပတ်ဝန်းကျင်လူနေမှုဘဝကို အကျိုးပြုနေနိုင်အောင် ကျွနုပ်တို့ စနစ်တစ်ကျ အသုံးပြု၊ စနစ်တစ်ကျစွန့်ပစ်နိုင်ဖို့၊ Education အမှိုက်ကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို အရွယ်ပေါင်းစုံ အလွှာပေါင်းစုံသဘောပေါက်လာပြီး၊ နစ်တစ်ကျခွဲခြမ်းစွန့်ပစ်ဖို့နည်းလမ်းတွေ စွဲမြဲလုပ်ဆောင်လာအောင်အသိပညာပေးခြင်း၊ Engagement သက်ဆိုင်တဲ့အစိုးရဥပဒေပြုကော်မတီ၊ စည်ပင်နှင့်ပုဂ္ဂုလိကအဖွဲ့အစည်းတွေ လူမှုအဖွဲ့အစည်းတွေညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊ Enforcement ဥပဒေအာဏာအသက်ဝင်မှုရှိလာအောင် လိုက်နာမှုမရှိတာတွေကိုစောင့်ကြည့်ခြင်း၊ အရေးယူခြင်း၊ Continues improvement အစဉ်တစ်စိုက်တိုးတက်မှုရှိစေရန် နိုင်ငံတစ်ကာကိုလေ့လာပြီး၊ ချိတ်ဆက်ပြီးလိုအပ်သောအခြေခံအဆောက်ဦးတွေ၊ စွမ်းအင်ထုတ်ပရောဂျက်ကြီးတွေ၊ စက်ပစ္စည်း၊ယာဉ်နှင့်ကောင်းမွန်သောအမှိုက်သိမ်းစနစ်တွေပါဝင်တဲ့အကြီးစား Application လုပ်ငန်းစဉ်ပရိုဂရမ်ကောင်းတစ်ခုရေးဆွဲပြီး၊ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားဖို့လိုပြီဆိုတာ အားလုံးကလက်ခံရမယ့်နိယာမတစ်ခုဖြစ်ပါတယ်။ စတင်အကောင်ထည်ဖော်လုပ်ဆောင်ရန်ဘယ်သူကစတင်ရမလဲဆိုတာလည်းသိနေပါပြီ။

ကျွန်တော်ထင်ပါတယ်၊ အားလုံးကသူ့အနေထားနှင့်သူတော့ စလုပ်နေကြပါပြီ၊ မကြာမှီအချိန်မှာ အားလုံးစုဝေးပြီးပူးပေါင်းသွားနိုင်မယ်လို့မျော်လင့်ပါတယ်။ ဘယ်လိုဘဲဖြစ်ပါစေ မိမိတစ်ဦးချင်းကနေပြီးစတင်ဖို့လိုပါတယ်။ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းဆိုတာ Behavior လူ့အပြုအမှုတစ်ခုသာဖြစ်တဲ့အတွက်ကြောင့် လူတွေကပြင်ရင်ရပါတယ်၊ပြင်ဖို့သာလိုပါတယ်။ ပလပ်စတစ်သုံးစွဲမှုနှင့်မကင်းဝေးနိုင်တဲ့ကျွပ်တို့အားလုံး ပထမဆုံးအရေးတကြီးလုပ်ဖို့လိုတာကတော့ ပလပ်စတစ်အမှိုက်တွေကိုသတ်မှတ်နေရာမှာသာ စနစ်တစ်ကျစွန့်ပစ်ခြင်းနှင့် “3R” တွေကိုလည်းလုပ်ဆောင်ခြင်းဖြင့်၊ ပလပ်စတစ်ကြောင့်ဖြစ်လာနိုင်တဲ့ညစ်ညမ်းမှုတွေကိုတိုက်ဖျက်ကြပါစို့လို့တိုက်တွန်းလိုက်ရပါတယ်လို့ပြောပြီး အစီစဉ်ကိုအဆုံးသတ်လိုက်ပါတယ်။
စာကြွင်း … အမေးအဖြေအစီစဉ်မှာ အချိန်အကန့်သတ်ရှိတာကြောင့် ကိုယ့်ဆီမေးခွန်းအလှည့်ရောက်မလာတော့မှ အသက်ပြင်းချပြီး စင်ပေါ်ကအမြန်ပြန်ဆင်းနိုင်ခဲ့ပါတယ်။ စင်အောက်ရောက်တော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ချုပ်က လက်ဆွဲနုတ်ဆက်ရင်း၊ ခင်ဗျားပြောတာတွေကောင်းတယ်ဗျဆိုလို့၊ ဪ… ငါ့ကိုအားပေးတဲ့လူရှိသေးပါလားဆိုပြီးထူပူခဲ့တာတွေပြေလျော့ခဲ့ရပါတယ်။

ဝင်းထွန်းသိန်း (ဘကျော်)

Centerpoint Co.,Ltd
…..Yangon , Myanmar…..

"လုပ်ငန်းအတွက်ပံ့ပိုးသူကောင်းဖြစ်စေ"
Company တစ်ခုအတွက် Customers တွေအရေးကြီးသလို မန်နေဂျာနဲ့ လက်အောက်ဝန်ထမ်းတွေရဲ့ဆက်ဆံရေးဟာလည်း ထပ်တူထပ်မျ အရေးကြီးပါတယ်။ ဝန်ထမ်းတွေ အလုပ်မှာ ကြာရှည်စွာလုပ်ဆောင်နိုင်ဖို့ တိုက်ရိုက် သက်ရောက်မှုရှိပါတယ်။ အကြောင်းကတော့ လုပ်ငန်းတွေမှာ ပိုင်ရှင်နဲ့တိုက်ရိုက်ဆက်ဆံရတာထက် မန်နေဂျာတွေနဲ့ ဆက်ဆံပြီးလုပ်ရတာ ပိုများပါတယ်။ မန်နေဂျာဆိုတာ အထက်နဲ့အောက်၊ ပိုင်ရှင်နဲ့ အလုပ်သမားကြား နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် buffer အနေနဲ့ ကြားခံဆောင်ရွက် ပေးရတာလည်း တာဝန်တစ်ခုဖြစ်ပါတယ်။

ဒါကြောင့်လည်း လွန်စွာမှ အခရာ ကျလှပါတယ်။ Business တစ်ခု ချောမွေ့စွာလည်ပတ် မောင်းနှင်နိုင်ရန် စီမံခန့်ခွဲမှုကိုလုပ်တဲ့ မန်နေဂျာတွေဟာ အတော်အတန်အရည်အချင်းနဲ့မလွယ်ပါ။ အထက်ဖားအောက်ဖိ မန်နေဂျာမျိုးဆိုရင် ပိုင်ရှင်နှင့်အဆင်ပြေပြီး လက်အောက်ငယ်သားတွေနှင့် အဆင်မပြေပါ။ တချို့မန်နေဂျာတွေကျတော့လည်း message တွေဘဲ့လာပေးတတ်တဲ့ messager တွေဖြစ်နေတယ်။ ကိုယ်တိုင်ဘာမှမလုပ်တတ်၊ ဆုံးဖြတ်မတတ်ဘဲ သတင်းဘဲ့ပို့နေတာမျိုးဖြစ်တယ်။ ဒါမျိုးကျတော့ အထက်နှင့်အဆင်မပြေပါ။ ပညာရှင်တချို့ရဲ. လေ့လာတွေ့ရှိချက်အရ ဝန်ထမ်းတွေအလုပ်မှာ မမြဲတာဟာ မန်နေဂျာတွေနှင့်အဆင်မပြေသည့်အချက်သည် ထိပ်ဆုံးမှအကြောင်းပြချက် ဖြစ်တယ်လို့ဆိုပါတယ်။ ပိုင်ရှင်နှင့် မန်နေဂျာတွေကိုယ်တိုင်ကတော့ ဒီအချက်ကို သတိမမူမိပါဘူး။ နောက်တစ်ခုက မန်နေဂျာနှင့် လက်အောက်ငယ်သားကြားမှာ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးရှိဖို့လည်း လိုတယ်။ One way communication တဘက်သတ် ပြောဆိုဆက်ဆံရေးဟာ ရေရှည်အတွက် ရလဒ်ကောင်းကို ဘယ်တော့မှဖြစ်လာမှာ မဟုတ်ပါဘူး။ အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့လက်အောက်ငယ်သားတွေဆီက feedback ယူရန်လိုပါတယ်။ Feedback ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ၊ နေ့စဉ်ပုံမှန်ဆက်ဆံရေးအပြင် အနည်းဆုံး တစ်လရင်တစ်ကြိမ် အဖွဲ့ဝင် team members တွေဖြစ်တဲ့ လက်အောက် ငယ်သားတွေနဲ့ ရင်းနှီးပွင့်လင်းစွာ ပြောဆိုနိုင်တဲ့ အခွင့်အရေးတွေ ဖန်တီးပေးဖို့လိုပါတယ်။ ဝန်ထမ်းတွေဘက်ကလည်း မန်နေဂျာကို လေးစားပွင့်လင်းစွာဆက်ဆံဖို့ လိုပါတယ်။ ဝန်ထမ်းတွေဘက်ကလည်း မိမိတို့ရဲ့အခက်ခဲတွေကို အကျိုးကြောင်း ခိုင်လုံစွာနဲ့ ညှိနှိုင်းတိုင်ပင်သင့်ပါတယ်။ နှစ်ဘက်စလုံး အပြန်အလှန် ပွင့်လင်းမှုရှိမှလည်း ကောင်းသော ဆက်ဆံရေးကိုရရှိမှာဖြစ်ပါတယ်။ Feedback ပျောက်ရင်တော့ မန်နေဂျာတွေအနေနဲ့ ငယ်သားတွေဆီက ကောင်းသောလုပ်ဆောင်ချက်တွေကို မမျှော်လင့်သင့်ပါ။ မန်နေဂျာတွေရဲ့ဆက်ဆံရေး မကောင်းဘူးဆိုရင် ကိုယ့်ရဲ့လက်အောက်ငယ်သားတွေက လေးစားမှုရှိမှာ မဟုတ်ဘူး။ ထိပ်တိုက်ပြောမသာလို့သည်းခံနေပြီး နောက်ဆုံးတော့ အလုပ်ထွက်တဲ့အထိ ဖြစ်လာပါတယ်။ အရေးကြီးဆုံးအချက်က Personal & professional relationship ပုဂ္ဂိုလ်ရေးအပိုင်းနှင့် အလုပ်အပိုင်းကို ကွဲပြားမှုရှိဖို့လိုတယ်။ ပုဂ္ဂိုလ်ရေးဆက်ဆံရေးကောင်းနေတဲ့အခါ အလုပ်လုပ်ရတာချောမွေ့ပြီး ပုဂ္ဂိုလ်ရေး အဆင်မပြေတဲ့အခါ အလုပ်မှာပါလာထိခိုက်ကြပါတယ်။ များသောအားဖြင့် မန်နေဂျာတွေ အနေနဲ့ရော လက်အောက်ငယ်သား တွေအနေနဲ့ပါ ဒီနှစ်ခုမှာ ရောထွေးနေတာ တွေ့ရပါတယ်။ professional relationship ချောမွေ့မှုရှိရန်အတွက် personal relationship ကောင်းရန်လိုပါတယ်။ မန်နေဂျာသည် မိမိလက်အောက်ငယ်သားတွေနဲ့ တစ်သားတည်းရှိဖို့လိုတယ်၊ သို့သော် ဖက်လုံးထွေးပေါင်းရန်မဟုတ်ပါ။ ဒီနှစ်ခုဟာ ရာနှုန်းပြည်ဆက်စပ် နေသည့်အတွက် လွန်စွာမှ ဟန်ချက် ညီရန်အရေးကြီးပါတယ်။ တဘက်ကိုဇောင်းပေးမိရင် တဘက်မှာလိုအပ်ချက် ဖြစ်လာနိုင်ပါတယ်။ မန်နေဂျာတွေဟာ ဘက်လိုက်ပြီး တာဝန်တွေလျှော့ချမပေးဖို့၊ အပြစ်တွေဖုံးကွယ် မပေးဖို့နှင့် ကိုယ်နှင့်အဆင်မပြေသူကို ချောင်ထိုးပြီး အပြစ်ရှာတာတွေလည်းရှောင်ရပါမယ်။ အချိန်အတိုင်းတာတစ်ခုရောက်ရင်လည်း empowerment လုပ်ပိုင်ခွင့်တွေ ပေးသင့်ပါတယ်။ ဒါမှ နှစ်ဦးနှစ်ဘက် ယုံကြည်မှုတွေ လုပ်ဆောင်ချက်ကောင်းတွေ တည်ဆောက်နိုင်မှာ ဖြစ်တယ်။ မိမိတို့ဆက်ဆံရေးကို အပြုသဘောရအောင် မြင့်တင်ခြင်းဖြင့် လုပ်ငန်း၏လိုအပ်ချက်ပြည့်အောင် ဖန်တည်းဖို့လိုပါတယ်။ မန်နေဂျာတွေဟာ ပိုင်ရှင်နှင့် ဝန်ထမ်းတွေကြား perfect mixer သဖွယ် အပြောင်မြောက်ဆုံး ချိတ်ဆက်ပေးနိုင်ပြီး လုပ်ငန်းအဆင်ပြေ ချောမွေ့ဖို့အတွက်နှင့် ဝန်ထမ်းတွေ မြဲနိုင်သမျှမြဲအောင်ဆောင်ရွက်ပေးနိုင်တဲ့ စံပြ စီမံခန့်ခွဲသူတွေဖြစ်သင့်ပါကြောင်း။

To be continue….
Ba Kyaw

“80_20 Rule ဖြင့် ဆန်းစစ်ကြည့်ခြင်း”
Business တစ်ခုမှာ ရောင်းအားတစ်ခုလုံးရဲ့ 80% ရာခိုင်နှုန်းကို မိမိတို့ရဲ့ 20%သော Key Customer တွေက ဝယ်ယူနေတာဖြစ်တယ် လို့ဆိုပါတယ်။ ထိုနည်းတူစွာပင် လုပ်ငန်းတစ်ခု အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ဖို့အတွက် လုပ်ငန်းတစ်ခုလုံးရဲ့ 80% ကို မိမိတို့ရဲ့ 20% ရာခိုင်နှုန်းသော Key Employees တွေက တာဝန်ယူဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ Bank တစ်ခုမှာလည်း 20% သော လူသိများတဲ့ Product တွေကြောင့် 80% သော Customer တွေလာနေခြင်းဖြစ်ပါတယ်။ ဥပမာ ငွေလွဲငွေထုတ်၊ ငွေစုငွေချေး စသဖြင့်ပါ။ အထူးကုဆေးရုံတစ်ခုမှာလည်း များစွာသောဆရာဝန်တွေထဲမှ 20% သော နာမည်ကြီး ဆရာဝန်များကြောင့် 80% သော လူနာတွေ လာရောက်ကုသနေတယ်ဆိုတာ သိသာနိုင်ပါတယ်။

ရောဂါဝေဒနာတစ်ခုခုကို ခံစားနေရသော လူနာတစ်ဦးသည် မည်သို့မျှမပျော်ရွှင်နိုင်ပါ။ အလားတူ လူနာရှင်တွေလည်း မည်သို့ပျော်ရွှင်မရှိမည်နည်း။ လူနာအတွက် စိုးရိမ်ရခြင်း၊ ငွေကုန်ကြေးကျများခြင်း တို့ကြောင့် စိတ်မောလူပန်း ဖြစ်နေမှာဘဲ့။ ဒီတော့ 80% သော လူနာရော၊ လူနာရှင်တွေပါ ရည်မောခြင်း ပြုံးရွှင်ခြင်းဆိုတာ ရှိနိုင်မှာမဟုတ်ဘူး။ ဒါက မထူးဆန်းပါ။ ထူးဆန်းတာက Service Industry ထဲ ရပ်တည်နေတဲ့ Private Hospital တွေမှာ 80% သော ဆရာဝန်ရော၊ ဝန်ထမ်းတွေပါ ချိုသာသောအပြုံး Sweet Smile နှင့် မတွေ့ရတာဖြစ်ပါတယ်။ လူနာနှင့်လူနာရှင်တွေဘက်ကဘဲ့ အပြုံးတွေယူ ဆောင်သွားရမည့်အလား။ ချိုသောအပြုံးနှင့် နွေးထွေးစွာပြောဆိုဆက်ဆံတတ်သော ဆရာဝန်နှင့်တွေ့ ရင်တစ်ချို့လူနာတွေဆို၊ ရောဂါတစ်ဝက် သက်သာသွားသလိုတောင် ပီတိဖြစ်တတ်ပါတယ်။ ဆရာဝန်တွေကတော့ ကုသရေးကိုပိုပြီးအာရုံစိုက်နေရလို့ဆိုပါစေတော့။ ဆိုးတာက စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေတဲ့ ဝန်ထမ်းတွေမှာလည်း အပြုံးအားနည်းခြင်း ဖြစ်ပါတယ်။

ဆေးရုံဆိုတာ အနိတ်ထာရုံတွေ တွေ့ရတယ်ဆိုပေမဲ့ အပြုံးတွေနဲ့ဖုံးထားရင် ပိုမကောင်းဘူးလား။ Service Business အနေနဲ့ အပြုံးတွေမဝေနိုင်ဘူးဆိုတော့ Management အားနည်းလို့လား၊ ဝန်ထမ်းတွေရဲ့ Moral စိတ်ဓာတ်ကြောင့် လားဘဲ့။ ဆေးပညာကိုနားမလည်သည့် အတွက်ကြောင့် ပညာရပ်နှင့်ပတ်သက်တာ ကိုတော့ ကောင်းသည်၊ ဆိုးသည် အပြစ် မဆိုချင်ပါ။ ကုသစရိတ်ကုန်ငွေကိုလည်း ဈေးဆစ်ခြင်း မဟုတ်ပါ။ ကြိုက်သလောက်ကု ကျသလောက် ရှင်းရပါမည်။ တောင်းသလောက် ကျေကျေနပ်နပ်ပေးခြင်လာအောင်၊ Hospital business operation တစ်ခုလုံးဧ။်အဆင့်တိုင်းတွင် ပါဝင်သူတွေအားလုံး ထံမှ ချိုသာသောအပြော၊ ချိုသာသောအပြုံး တွေကို Promotion အနေနဲ့ 80% လောက် ရရင်တော့ ကျေနပ်ပြီ။ ဒါကြောင့် အားလုံးပါဝင်တဲ့ Companywide Quality Control (CWQC) ကိုကြည့်ဖို့လိုပါပြီ။

ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသည်ဖြစ်စေ၊ ဝန်ဆောင်မှုကိုရောင်းချသည်ဖြစ်စေ စီးပွါးဖြစ်လုပ်ကိုင် သည်ဆိုပါက “Qualities” အရည်အသွေးတွေကိုပိုင်ဆိုင်ထားဖို့လိုပါသည်။ ဒီအရည်အသွေးတွေဟာ ဝယ်ယူသူတွေရဲ့ လိုအပ်ချက်နှင့် အကြိုက်တွေ့စေဖို့လိုပါမည်။ Service Industry ထဲမှာပြုံးဖို့မလိုတာ တရားရုံးရဲ့ တရားခွင်ဘဲ့ရှိတယ်။

To be continue…..
Ba Kyaw

Myanmar Plastic Industries Association was established in 1995 with (15) Executive Members included by plastic entrepreneurs, plastic raw materials distributors, ...

Quick Contact

No. 29, 7th Floor, Min Ye Kyaw Swar Street, UMFCCI Tower, Lanmadaw Township, Yangon, Myanmar.

+951 231 4835, +959 428 821 182