မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ၁၂ကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ခဲ့စဉ်

မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ၁၂ကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အစည်းအဝေးကို ၆.၁၂.၂၀၂၃ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ နေ့လည်(၁၂:၀၀)နာရီအချိန်အထိ ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမတွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးအောင်ရွှေ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဌ ဦးအေးဝင်းတို့မှ အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းတို့ကို ဖတ်ကြားအတည်ပြုခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးထွန်းဝင်း၊ ဒုဥက္ကဌ ဦးကျော်မင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးကျော်စိန်နှင့် တက်ရောက်ခဲ့ပါသည်။

၃၀.၁၁.၂၀၂၃ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် MPIA အသင်းရုံးခန်း၌ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များ အသင်း၏ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် လစဉ်ပုံမှန်အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၃) ကျင်းပနေစဉ်

အစည်းအဝေးတွင် အသင်း၏ဆပ်ကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်ခဲ့မှုများနှင့် ဆောင်ရွက်နေဆဲကိစ္စရပ်များကို အောက်ပါ အတိုင်း အတည်ပြုဆွေးနွေးခဲ့ကြပါသည်-

(၁) အသင်း၏ ဆပ်ကော်မတီအသီးသီး၏ လှုပ်ရှားဆောင်ရွက်ခဲ့မှုများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးခြင်း၊

(၂) အသင်းဝင်စာအုပ်ပြုလုပ်ရန်နှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊

(၃) Website ရှိ Member List စာရင်းနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊

(၄) ပလတ်စတစ်လုပ်ငန်းများနှင့် စဉ်ဆက်မပြတ်ဖြစ်နေရန်အတွက် အသင်းဝင်မဟုတ်သည့် ပလတ်စတစ်လုပ်ငန်းများအား ဆက်သွယ်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်း၊

(၅) အသင်းနှင့် အသင်းသားများအကြား ဆက်သွယ်ဆောင်ရွက်ရေးများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊

(၆) ၂၀၂၄ ခုနှစ်တွင် သွားရောက်လေ့လာမည့် နိုင်ငံတကာပလတ်စတစ်ပြပွဲများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊

၂၆.၁၀.၂၀၂၃ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် MPIA အသင်းရုံးခန်း၌ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များ အသင်း၏ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် လစဉ်ပုံမှန်အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) ကျင်းပနေစဉ်

အစည်းအဝေးတွင် အသင်း၏ဆပ်ကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်ခဲ့မှုများနှင့် ဆောင်ရွက်နေဆဲကိစ္စရပ်များကို အောက်ပါ အတိုင်း အတည်ပြုဆွေးနွေးခဲ့ကြပါသည်-

(၁) အသင်း၏ ဆပ်ကော်မတီအသီးသီး၏ လှုပ်ရှားဆောင်ရွက်ခဲ့မှုများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းစဉ်များအား တင်ပြဆွေးနွေး ခြင်း၊

(၂) တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် 134th Canton Fair အား သွားရောက်လေ့လာပြီးသူများအတွက် အသင်းမှ စီစဉ်ပေးမှု များနှင့် နောင်တွင်ပြုလုပ်ကျင်းပမည့် နိုင်ငံတကာပြပွဲများသို့ အသင်းကိုယ်စားသွားရောက်လေ့လာနိုင်မည့် အခွင့်အရေး များအား ဆွေးနွေးပြောကြားခြင်း၊

(၃) One Region One Product ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မည့် Action Plan နှင့် “ပြည်တွင်းထုတ်ကုန် အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန် ရရှိစေရန်အတွက်” အားပေးမြှင့်တင်ရေးအစီအစဉ်ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနသို့ အကြောင်းပြန်ကြားနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးခဲ့ခြင်း၊

(၄) အသင်း၏ Website တွင် ဖော်ပြမည့် Member List စာရင်းအား အသင်းသားများမှ ပြုပြင်ပြောင်းလဲလိုသည်များ ရှိပါက ပြောင်းလဲပေးနိုင်ရန်နှင့် အသင်းဝင်လုပ်ငန်းများ၏ အချက်အလက်များကို အသင်းဝင်စာအုပ်ပြုလုပ်နိုင်ရန်အတွက် ဆွေးနွေးခဲ့ခြင်း၊

၂၈.၉.၂၀၂၃ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် MPIA အသင်းရုံးခန်း၌ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များ အသင်း၏ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် လစဉ်ပုံမှန်အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) ကျင်းပနေစဉ်

အစည်းအဝေးတွင် အသင်း၏ဆပ်ကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်ခဲ့မှုများနှင့် ဆောင်ရွက်နေဆဲကိစ္စရပ်များကို အောက်ပါ အတိုင်း အတည်ပြုဆွေးနွေးခဲ့ကြပါသည်-

(၁) အသင်း၏ ဆပ်ကော်မတီအသီးသီး၏ လှုပ်ရှားဆောင်ရွက်ခဲ့မှုများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းစဉ်များအား တင်ပြဆွေးနွေး ခြင်း၊

(၂) ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် 134th Canton Fair နှင့် ပတ်သက်ပြီး တင်ပြ ဆွေးနွေးပြောကြားခြင်း၊

(၃) ၂၀၂၄ခုနှစ်တွင် Smart Expo Co., Ltd. နှင့် မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်မည့် ကုန်စည်ပြပွဲနှင့် ပတ်သက်ပြီး တင်ပြဆွေးနွေးပြောကြားခြင်း၊

(၄) အသင်းရုံး၏ အသေးသုံးစရိတ်နှင့် ပတ်သက်ပြီး ဆွေးနွေးအတည်ပြုပြောကြားခြင်း၊

(၅) အသင်းရုံး၏ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဝန်ထမ်းများ၏ ခံစားရရှိနိုင်မည့် ခွင့်အမျိုးအစားများနှင့် ပတ်သက်ပြီး ဆွေးနွေးအတည်ပြုပြောကြားခြင်း၊

၃၁.၈.၂၀၂၃ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် MPIA အသင်းရုံးခန်း၌ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များ အသင်း၏ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် လစဉ်ပုံမှန်အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၃) ကျင်းပနေစဉ်

အစည်းအဝေးတွင် အသင်း၏ဆပ်ကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်ခဲ့မှုများနှင့် ဆောင်ရွက်နေဆဲကိစ္စရပ်များကို အောက်ပါအတိုင်း အတည်ပြုဆွေးနွေးခဲ့ကြပါသည်-

(၁) အသင်း၏ လုပ်ငန်းရှင်များ လက်ရှိလုပ်ငန်းလုပ်ကိုင်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ တင်ပြခဲ့ခြင်းများ၊

(၂) ပလတ်စတစ်ကုန်ကြမ်းများအား နယ်စပ်မှတင်သွင်းခွင့်ရရှိနိုင်ရန် အသင်းမှထောက်ခံချက် ပြုလုပ်ပေးနေခြင်းများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်ပေးနေသော ပုံစံများအား ဆွေးနွေးပြောကြားခြင်း၊

(၃) အဏ္ဏဝါအမှိုက်သရိုက်ညစ်ညမ်းမှုတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအမျိုးသားအဆင့် ပလတ်စတစ်လုပ်ငန်းအစီအစဉ် (Zero Draft) နှင့် လုပ်ငန်းအစီအစဉ်ဆိုင်ရာ Supplemental Document အပေါ် အသင်းမှ သဘောထားမှတ်ချက် ပြန်ကြားပေးခဲ့ခြင်းများ၊

(၄) ပလတ်စတစ်လုပ်ငန်းရှင်များ Plastic Credit ရရှိရေးအတွက် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှ Propose ပြုလုပ်လာမှုအပေါ် ဆွေးနွေးခဲ့ခြင်းများ၊

(၅) ပြည်တွင်းကုန်စည်ပြပွဲများတွင် အသင်းဝင်ကုမ္ပဏီများမှ ပူးပေါင်းပါဝင်ပြသနိုင်ရန် စီစဉ်ပေးခဲ့ခြင်းများနှင့် ပြည်ပ ပြပွဲများသို့ သွားရောက်လေ့လာနိုင်ရန် စီစဉ်ပေးနေခြင်းများအား ဆွေးနွေးခဲ့ခြင်း၊

၈.၈.၂၀၂၃ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် MPIA အသင်းရုံးခန်း၌ မြန်မာနိုင်ငံပလတ်စတစ် လုပ်ငန်းရှင်များအသင်း၏ အထူးအစည်းအဝေးအမှတ်စဉ် (၈/၂၀၂၃) ကျင်းပနေစဉ်

အစည်းအဝေးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပေးပို့လာသော Zero Draft နှင့် Supplemental Document စာတမ်းများအပေါ် မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းအနေဖြင့် သဘောထားမှတ်ချက်တောင်းခံလာသည့် ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၁၇.၇.၂၀၂၃ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် MPIA အသင်းရုံးခန်း၌ မြန်မာနိုင်ငံပလတ်စတစ် လုပ်ငန်းရှင်များအသင်း၏ ပြန်ကြားရေးနှင့်အသင်းသားရေးရာဆပ်ကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းမှုအစည်းအဝေး ကျင်းပနေစဉ်

အစည်းအဝေးတွင် ပြန်ကြားရေးနှင့် အသင်းသားရေးရာဆပ်ကော်မတီမှ ဆောင်ရွက်မည့် ကဏ္ဍငယ်လေးများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး အချို့ကဏ္ဍငယ်လေးများအား မည်သူမှ ဦးစီးဦးဆောင်ပြုလုပ်ဆောင်ရွက်ပေးနိုင်မည်၊ အချို့ကဏ္ဍငယ်လေးများအား ကော်မတီဝင်များ စုပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ကြမည်စသည်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။

၃၀.၆.၂၀၂၃ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် MPIA အသင်းရုံးခန်း၌ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များ အသင်း၏ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် လစဉ်ပုံမှန်အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၃) ကျင်းပနေစဉ်

အစည်းအဝေးတွင် အောက်ပါဆွေးနွေးချက်များ ဆွေးနွေးခဲ့ကြပါသည်-

(၁) မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း၏ ဆပ်ကော်မတီအဖွဲ့ဝင်များ အမည်စာရင်းကို အတည်ပြုကြေညာခြင်း၊

(၂) Biodegradable Plastic နှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊

(၃) တရုတ်ပြည်မှ ဝင်ရောက်လာသော ပလတ်စတစ်အိတ်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်း

(၄) ပလတ်စတစ်ညစ်ညမ်းမှု လျော့ချရေးအတွက် အထောက်အကူပြုနိုင်ရန် အသင်းမှဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်း

၅.၆.၂၀၂၃ ရက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားပြပွဲသို့ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ တက်ရောက်ခဲ့စဉ်

အခမ်းအနားတွင် မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ Vinyl တစ်ချပ်ပါဝင်ပြသခဲ့ပြီး အခမ်းအနားသို့ တွဲဖက်အတွင်းရေးမှူး(၁) ဦးကျော်စွာမြင့်၊ ဗဟိုအလုပ်အမှုဆောင် ဦးကျော်စိန်၊ ဗဟိုအလုပ်အမှုဆောင် ဦးသက်ထွန်း၊ Assistant Executive Officer ဒေါ်ပိုးမမဖြိုးတို့မှ တက်ရောက်ခဲ့ပါသည်။

၅.၆.၂၀၂၃ ရက်၊ နေပြည်တော်ရှိ MICC- II ခန်းမတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားပြပွဲတွင် မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ ခင်းကျင်းပြသခဲ့စဉ်

အခမ်းအနားတွင် မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ ပြခန်း(၃)ခန်း ပါဝင်ပြသခဲ့ပြီး Recycle ပလတ်စတစ် လုပ်ငန်းများနှင့် ပတ်သက်သော ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပါသည်။ အခမ်းအနားသို့ ဥက္ကဌ ဦးထွန်းဝင်း၊ ဒုဥက္ကဌ(၁) ဦးမြင့်ဌေး၊ ဒုဥက္ကဌ(၂) ဦးကျော်မင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာဥာဏ်မြတ်မင်း၊ တွဲဖက်အတွင်းရေးမှူး(၂) ဦးမြင့်ဆန်း၊ တွဲဖက်အတွင်းရေးမှူး(၄) ဦးစိုးမင်း၊ IR Executive ဒေါ်ဝတ်ရည်နိုင်၊ Research Assistant ဒေါ်သီရိဝေလွင်တို့မှ တက်ရောက်ခဲ့ပါသည်။

၃၀.၅.၂၀၂၃ ရက်နေ့တွင် မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၃- ၂၀၂၅ ခုနှစ်သက်တမ်း၊ အလုပ်အမှုဆောင်များ ပထမဆုံးအကြိမ် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပနေစဉ်

အစည်းအဝေးတွင် အောက်ပါဆွေးနွေးချက်များ ဆွေးနွေးခဲ့ကြပါသည်-

(၁) မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၃- ၂၀၂၅ ခုနှစ်သက်တမ်း၊ ဗဟိုအလုပ်အမှုဆောင်များ အတည်ပြုကြေညာခြင်း၊
(၂) မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၃- ၂၀၂၅ ခုနှစ်သက်တမ်း၊ နာယကများ အတည်ပြု ကြေညာခြင်း၊
(၃) မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း၏ ဆပ်ကော်မတီများ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ အတည်ပြု ဆွေးနွေးခြင်း
(၄) ဇွန်လ ၅ ရက်နေ့၊ နေပြည်တော် MICC- II ခန်းမတွင် ကျင်းပမည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ ပြခန်းများပြသနိုင်ရန်အတွက် ဆောင်ရွက်ထား ရှိမှုများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း

မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး ကျင်းပနေစဉ်

မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ယနေ့ ၂၉.၄.၂၀၂၃ ရက်၊ စနေနေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် Excel Treasure Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကုန်သည်/စက်မှုအသင်းချုပ်ဥက္ကဌ၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းဥက္ကဌနှင့် အသင်းမှ ဖိတ်ကြား ထားသောဧည့်သည်တော်များ၊ အသင်းသူ/ အသင်းသားများ အားလုံးစုံစုံညီညီဖြင့် တက်ရောက် ချီးမြှင့်ပေးခဲ့ကြ ပါသည်။မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းသည် ၁၉၉၅ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့အချိန်အထိ တည်တံ့ ခိုင်မြဲစွာ ရပ်တည်ဆောင်ရွက်လျက်ရှိသော အသင်းတစ်သင်းလည်းဖြစ်ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များအသင်း၏ လှုပ်ရှားဆောင်ရွက်မှုများ၌ ကဏ္ဍအသီးသီးမှ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ ပါသော ပုဂ္ဂိုလ်ကြီးများကိုလည်း ဂုဏ်ပြုမှတ်တမ်းများ၊ ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။ အခမ်းအနား တွင် ၂၀၂၃-၂၀၂၅ ခုနှစ်သက်တမ်းအလုပ်အမှုဆောင်အဖွဲ့ဝင်များစာရင်းကို အတည်ပြုကြေညာခဲ့ပြီး ပြီးခဲ့သည့် သက်တမ်း အတွင်း အသင်း၏နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကိုလည်း အတည်ပြုကြေညာခဲ့ပါသည်။ ထို့အပြင် အသင်းမှ အသင်းကြီးရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် အသင်းသူ/ အသင်းသားများ၏ အကျိုးစီးပွားများ စနစ်တကျ တိုးတက်ကြီးပွားစေရန် ရည်ရွယ်၍ ပြင်ဆင်ဖြည့်စွက်ထားသော အသင်း၏သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းပါ အချက်များကိုလည်း အတည်ပြုကြေညာခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ဧည့်သည်တော်များအား နေ့လည်စာ Buffet ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

“A Presentation on World Bank’s Myanmar Economic Monitor” Event

၂၈.၆.၂၀၂၃ ရက်၊ ဗုဒ္ဓဟူးနေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀)နာရီအချိန်အထိ UMFCCI ၊ မင်္ဂလာခန်းမတွင် The World Bank Myanmar မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော “A Presentation on World Bank’s Myanmar Economic Monitor” Event သို့ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ တက်ရောက်ခဲ့စဉ်

အဆိုပါ အခမ်းအနားတွင် Ms. Mariam Sherman, Country Director for Myanmar, Cambodia and Loa PDR, World Bank မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Mr. Kim Alan Edwards, Program Leader and Senior Economist, World Bank မှ Key Findings of the MEM, June 2023 အား Presentation ပြုလုပ်ခဲ့ပါသည်။

ထို့နောက် Panel Discussion ပြုလုပ်ခဲ့ပြီး Moderator အဖြစ် Mr. Kemoh Mansaray, Senior Economist, World Bank မှ လည်းကောင်း၊ Panel Members အဖြစ် Sebastian Eckardt, Practice Manager, Macroeconomics, Trade and Investment, ဦးရဲမင်းအောင်၊ ဒု-ဥက္ကဌ၊ UMFCCI၊ ဒေါ်ခိုင်ခိုင်နွယ်၊ အထွေထွေအတွင်းရေးမှူးချုပ်၊ UMFCCI၊ ဦးသူရိန်ငြိမ်း၊ ဥက္ကဌ၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းနှင့် ဦးကျော်ပိုင်၊ ဒု-ဥက္ကဌ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့မှလည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခဲ့ကြပါသည်။

PLEXCONNECT 2023 Exhibition

မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ ဒု-ဥက္ကဌ ဦးဆောင်သောအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံပျော့ဖတ်နှင့် စက္ကူ လုပ်ငန်းအသင်းမှ ဒု-ဥက္ကဌ ဦးဆောင်သော အဖွဲ့ဝင်များ စုစုပေါင်းအဖွဲ့ဝင် (၁၄)ဦးတို့သည် ၁၄.၆.၂၀၂၃ ရက်နေ့မှ ၁၈.၆.၂၀၂၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တွင် ကျင်းပပြုလုပ်သော PLEXCONNECT 2023 Exhibition သို့ သွားရောက်လေ့လာခဲ့ကြစဉ်

အခမ်းအနားတွင် မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ Vinyl တစ်ချပ်ပါဝင်ပြသခဲ့ပြီး အခမ်းအနားသို့ တွဲဖက်အတွင်းရေးမှူး(၁) ဦးကျော်စွာမြင့်၊ ဗဟိုအလုပ်အမှုဆောင် ဦးကျော်စိန်၊ ဗဟိုအလုပ်အမှုဆောင် ဦးသက်ထွန်း၊ Assistant Executive Officer ဒေါ်ပိုးမမဖြိုးတို့မှ တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး “ဖိတ်ကြားလွှာ”

COMEXPO COMPLETE MANUFACTURING EXPO, 2023

မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များအသင်းနှင့် အိန္ဒိယနိုင်ငံမှ Smart Expos and Fair India Pvt. Ltd တို့ ပူးပေါင်း ကျင်းပသည့် ပလတ်စတစ်၊ ထုတ်ပိုးမှု ၊ ပုံနှိပ်ထုတ်ဝေမှုဆိုင်ရာ Myanmar Complast Compack Comexpo ပြပွဲဖွင့်ပွဲအခမ်းအနားကို Novotel Yangon Max Hotel (Ball Room) တွင် ၂၉-၃-၂၀၂၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့ပါကြောင်းနှင့် ပြပွဲကို ၃၁-၃-၂၀၂၃ ရက်၊ သောကြာနေ့အထိ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ပလတ်စတစ်စက်ရုံများ အတွက်လိုအပ်သည့် စက်ကိရိယာပစ္စည်းများ၊ ပလတ်စတစ်ထုတ်ပိုးအိတ်များ၊ ပလတ်စတစ်လူသုံးကုန်ပစ္စည်းများအပြင် ပုံနှိပ်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စက္ကူလုပ်ငန်းများမှ အသုံးအဆောင်ပစ္စည်းများအား ခင်းကျင်းပြသသွားမည် ဖြစ်ပါသည်။

“THE SOUTH EAST ASIA IRON & STEEL INSTITUTE (SEAISI) 2023 TRAVELLING SEMINAR”

အခမ်းအနားကို စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ UMFCCI ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက်၊ နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ ပါမောက္ခချုပ် ဒေါက်တာကေသီလွင်နှင့် Thaiwan, Thailand, Japan, United Kingdom နိုင်ငံများမှ ဧည့်သည်တော်များ၊ အခြားဖိတ်ကြားထားသော ဧည်သည့်တော်များတက်ရောက် ခဲ့ပြီး Thaiwan, Thailand, Japan, United Kingdom နိုင်ငံများရှိ တာဝန်ရှိသူ ဧည့်သည်တော်များမှ သံနှင့်သံမဏိ လုပ်ငန်းများအကြောင်း Presentation များ ပြုလုပ်ခဲ့ပါသည်။

၁၁.၃.၂၀၂၃ ရက်၊ စနေနေ့၊ (၁၄:၀၀)နာရီမှ (၁၆:၃၀)အချိန်ထိ UMFCCI ၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်သော “ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ ” သို့ တက်ရောက်ခဲ့စဉ်

အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တကွ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များတက်ရောက်ခဲ့ကြပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်းများ၊ တားဆီးကာကွယ်ခြင်းကြောင့်ရရှိလာသော အကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ကောက်နုတ်ချက်များကို ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာသူများ၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး နှင့်ပတ်သက်ပြီး မေးမြန်းမှုများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌမှ ဖြေကြားပေးခဲ့ပါသည်။

၈.၃.၂၀၂၃ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် MPIA အသင်းရုံးခန်း၌ မြန်မာနိုင်ငံပလတ်စတစ် လုပ်ငန်းရှင်များအသင်း၏ အထူးအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃) ကျင်းပနေစဉ်

အစည်းအဝေးတွင် အာရှပစိဖိတ်နိုင်ငံများတွင် တစ်ခါသုံးပလတ်စတစ်နှင့် တစ်ခါသုံးပလတ်စတစ်စွန့်ပစ်ပစ္စည်းများ အား ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေသော ခိုင်လုံသည့် စီမံခန့်ခွဲမှုစနစ် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ စီမံကိန်း၏ Environmentally Sound Management of Single- use Plastic အစီရင်ခံစာ (မူကြမ်း) အပေါ် မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များအနေဖြင့် မည်သည့်အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ တင်ပြပေးပို့ရမည်ကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ၂၉.၃.၂၀၂၃ ရက်နေ့မှ ၃၁.၃.၂၀၂၃ ရက်နေ့အထိ Novotel Hotel တွင် ကျင်းပ ပြုလုပ်မည့် “COMEXPO- COMPLETE MANUFACTUREING EXPO WITH SUB THEMES COMPLAS COMPACK AND COMPRINT” Exhibition နှင့် ပတ်သက်သည့်ကိစ္စရပ်များနှင့် ၁၇.၄.၂၀၂၃ ရက်နေ့မှ ၂၀.၄.၂၀၂၃ ရက်နေ့အထိ Shenzheng, PR China တွင် ကျင်းပပြုလုပ်မည့် CHINAPLAS 2023 Exhibition နှင့် ပတ်သက်သည့်ကိစ္စရပ်များ ကိုလည်း ဆွေးနွေးခဲ့ပါသည်။

၂၅.၂.၂၀၂၃ ရက်၊ စနေနေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံပလတ်စတစ် လုပ်ငန်းရှင်များအသင်း၏ ၂၀၂၃-၂၀၂၅ ခုနှစ် အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား ကျင်းပနေစဉ်

၂၅.၂.၂၀၂၃ ရက်၊ စနေနေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များ အသင်း၏ ၂၀၂၃-၂၀၂၅ ခုနှစ် အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားတွင် စီမံခန့်ခွဲရေးကော်မတီဝင် (၁၃)ဦးအပါအဝင် အလုပ်အမှုဆောင်အဖွဲ့ဝင် စုစုပေါင်း (၃၃)ဦးကို ရွေးချယ် တင်မြှောက်ပွဲကြီးကြပ်မှုကော်မရှင်ဥက္ကဌမှ အတည်ပြု ရွေးချယ်ပေးခဲ့ပါသည်။

“MSME DEVELOPMENT DIALOGUE” Event

အခမ်းအနားတွင် AYA Bank မှ MSME လုပ်ငန်းများအတွက် Micro Loan ချေးငွေပုံစံများကို ရှင်းလင်းပြောကြားခဲ့ပြီး MSME လုပ်ငန်းများအတွက် အခွင့်အလမ်းများကို မည်ကဲ့သို့အသုံးချရမည်၊ အခက်အခဲများကို မည်သို့ကျော်ဖြတ်ရမည်၊ MSME လုပ်ငန်း များစတင်ရန်နည်းလမ်းများ၊ MSME မှသည် SME စသည်ဖြင့် အဆင့်မြှင့်တင်လုပ်ကိုင်သွားနိုင်ရန် နည်းလမ်းများ၊ မြန်မာနိုင်ငံ အမျိုးသမီးစွန့်ဦးတီထွင်သူများအတွက် MSME လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လှုံဆော်မှုများအကြောင်းကို Panel Discussion ပြုလုပ်ခဲ့ကြပြီး Moderator အဖြစ် Dr. Aung Thein, CEC, UMFCCI, Panelist များအဖြစ် U Myin Zaw, CEO, AYA Bank, U Htun Htun Naing, Vice Chairman, MSME Association of Myanmar and Daw Hin Wai, Vice President, MYANWEN တို့မှ ဆွေးနွေးပြောကြားခဲ့ကြပါသည်။

မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၃-၂၀၂၅ ခုနှစ် (၃)နှစ်သက်တမ်း အလုပ်အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာခြင်း

မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၃-၂၀၂၅ ခုနှစ် (၃)နှစ်သက်တမ်း အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲသို့ ကိုယ်တိုင်အဆိုပြုလွှာများ တင်သွင်းနိုင်စေရန် ၂၃.၁.၂၀၂၃ ရက်နေ့မှ ၁၀.၂.၂၀၂၃ ရက်နေ့အထိ အဆိုပြုလွှာများလက်ခံခဲ့ရာ သတ်မှတ်အရည်အချင်းပြည့်မီသော ပုဂ္ဂိုလ်များအဖြစ် ကိုယ်တိုင် ဆန္ဒပြုလွှာတင်သွင်းသူ (၃၃)ဦး ရှိခဲ့ပါသည်။

မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၃-၂၀၂၅ ခုနှစ် (၃)နှစ်သက်တမ်း အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်မှုကော်မရှင်ကို ကုန်သည် စက်မှုအသင်းချုပ်၏ သဘောတူညီချက်အရ အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ပါသည်-

စဉ် အမည် ရာထူး တာဝန်
(၁) ဦးသိန်းဟန် နာယက၊ MPIA ဥက္ကဌ
(၂) ဦးစိုးနိုင် ဗဟိုအလုပ်အမှုဆောင်၊ UMFCCI အတွင်းရေးမှူး
(၃) ဦးခိုင်မြင့် ဗဟိုအလုပ်အမှုဆောင်၊ UMFCCI အဖွဲ့ဝင်

အသင်းဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ် ၁၆ (က)အရ အလုပ်အမှုဆောင်(၄၀)ဦးထက် ကျော်လွန်ခြင်းမရှိသည့် အတွက် အသင်းဝင်များမှ မဲဆန္ဒပြုရွေးချယ်ရန် မလိုအပ်တော့ဘဲ ၂၅.၂.၂၀၂၃ ရက်နေ့ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားတွင် အဆိုပါ အလုပ်အမှုဆောင်အဆိုပြုသူ(၃၃)ဦးအား မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များ အသင်း၏ ၂၀၂၃-၂၀၂၅ ခုနှစ် (၃)နှစ်သက်တမ်း အလုပ်အမှုဆောင်များအဖြစ် အတည်ပြုခန့်အပ်သွားမည် ဖြစ်ပါ ကြောင်း ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်မှုကော်မရှင်အဖွဲ့မှ ၁၄.၂.၂၀၂၃ ရက်တွင် ထုတ်ပြန်ကြေညာပါသည်။

မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း
www.mpiamyanmar.org
09428821182, 012314835

၈.၂.၂၀၂၃ ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း၏ အထူးအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) ကျင်းပနေစဉ်

အစည်းအဝေးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေသော ခိုင်လုံသည့် စီမံခန့်ခွဲမှုစနစ်ဖြင့် တစ်ခါသုံးပလတ်စတစ်များကို စီမံခန့်ခွဲနိုင်ရေး အစီရင်ခံစာ ရေးဆွဲဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သတ်သည့် ညှိနှိုင်း အစည်းအဝေး ဖိတ်ကြားလာပါသဖြင့် အဆိုပါ အစည်းအဝေးတွင် တင်ပြဆွေးနွေးမည့် အချက်အလက်များအား ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ကြပါသည်။

PLASINDIA 2023 Exhibition Event

မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး(၁) ဦးဆောင်သောအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံပျော့ဖတ်နှင့်စက္ကူလုပ်ငန်းအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ ဦးဆောင်သော အဖွဲ့ဝင်များ စုစုပေါင်းအဖွဲ့ဝင် (၂၈)ဦးတို့သည် ၁.၂.၂၀၂၃ ရက်နေ့မှ ၅.၂.၂၀၂၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် ကျင်းပပြုလုပ်သော PLASINDIA 2023 Exhibition သို့ သွားရောက်လေ့လာခဲ့ကြစဉ်

“A Briefing on World Bank’s Myanmar Economic Monitor” Event

၃.၂.၂၀၂၃ ရက်၊ သောကြာနေ့၊ (၁၁:၀၀)နာရီအချိန်မှ (၁၃:၀၀)နာရီအချိန်အထိ UMFCCI ၊ မင်္ဂလာခန်းမတွင် The World Bank Myanmar မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော “A Briefing on World Bank’s Myanmar Economic Monitor” Event သို့ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ တက်ရောက်ခဲ့စဉ်

အဆိုပါ “A Briefing on World Bank’s Myanmar Economic Monitor” Event တွင် The World Bank Myanmar မှ မကြာသေးမီက မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုများကို စစ်တမ်းကောက်လေ့လာ၍ စီးပွားရေးအလားအလာများကို မီးမောင်းထိုးသည့် အစီရင်ခံစာများအကြောင်း တင်ပြဆွေးနွေးခဲ့ပြီး အစီရင်ခံစာအနှစ်ချုပ်အရ နောက်ဆုံးရရှိသည့် CPI အချက် အလက်များအရ ၂၀၂၂ခုနှစ်၊ ဇူလိုင်လတွင် ငွေကြေးဖောင်းပွမှုနှုန်း ၂၀% အထိရှိခဲ့ကြောင်း၊ ငွေလဲနှုန်း မတည်မငြိမ်ဖြစ်ခြင်းသည် စီးပွားရေးလုပ်ငန်းများအတွက် အဓိကအခက်အခဲဖြစ်ကြောင်း၊ နိုင်ငံခြားငွေ ပြတ်တောက်မှုများနှင့် ကုန်သွယ်မှု ကန့်သတ်ချက် များကြောင့် သွင်းကုန်တင်သွင်းနိုင်မှု အကန့်အသတ်ဖြစ်ခဲ့ကြောင်း၊ နိုင်ငံခြားငွေအား မြန်မာငွေသို့ မဖြစ်မနေပြောင်းလဲရသော အချက်ကြောင့် ပြည်ပပို့ကုန်သမားများ အခွန်အမြောက်အများ ပေးဆောင်ရသကဲ့သို့ဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင် လုပ်ငန်း ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျစေကြောင်း၊ မကြာသေးခင်လများအတွင်း လျှပ်စစ်မီးပြတ်တောက်ခြင်းများကြောင့် စီးပွားရေးလုပ်ငန်း များကို ဆက်လက်အဟန့်အတားဖြစ်စေကြောင်း၊ ထို့အပြင် မူဝါဒ မတည်ငြိမ်မှုများကြောင့် မက်ခရိုစီးပွားရေးကို ထိခိုက်စေပြီး ထိုအတိုင်းသာ ဆက်လက်ဖြေရှင်းနေမည်ဆိုလျှင် စီးပွားရေးတိုးတက်မှု နှောင့်နှေးနေမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စိန်ခေါ်မှု များကြောင့် စီးပွားရေး နောက်ခံအခင်းအကျင်းတွင် လတ်တလော စီးပွားရေး ညွှန်းကိန်းများမှာ အတက်အကျများစွာကို ညွှန်ပြ နေကြောင်း၊ စီးပွားရေးစစ်တမ်းများအရ ကဏ္ဍအလိုက် အခြေအနေများ မတူကွဲပြားနေသည်ကို တွေ့ရကြောင်း၊ ဒီဇင်ဘာလ စစ်တမ်းများအရ ဝယ်လိုအားနည်းခြင်း၊ ကုန်ဈေးနှုန်းမြင့်မားခြင်း၊ လျှပ်စစ်မီး ပြတ်တောက်ခြင်းများသည် အချို့စီးပွားရေး လုပ်ငန်းများတွင် စိန်ခေါ်မှုအဖြစ် မဖော်ပြတော့ကြောင်း၊ ဥပမာအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ငန်းလည်ပတ် နိုင်စွမ်းတိုးလာခြင်းကြောင့် ပဋိပက္ခသည် စိန်ခေါ်မှုဖြစ်သည်ဟု ဖြေဆိုသည့် စိုက်ပျိုးရေးလုပ်ငန်း အရေအတွက် သိသာစွာ လျော့ကျသွားကြောင်း၊ သို့သော် ကုန်ထုတ်လုပ်ငန်းများတွင် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက လုပ်ငန်းလျော့ချ လည်ပတ်ခဲ့ ရကြောင်း၊ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လတာအတွင်း ဘဏ္ဍာရေးလိုငွေ လျော့နည်းခဲ့သော်လည်း ပြည်သူ့ကြွေးမြီမှာ GDP ၏ ၆၀% အထိ မြင့်တက်သွားမည်ဟု ခန့်မှန်းရကြောင်း၊ ကုန်ထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်အဆင့်ထက် များစွာနိမ့်ကျနေဦးမည် ဖြစ်သော်လည်း ၂၀၂၃ခုနှစ်၊ ဘဏ္ဍာနှစ်တွင် GDP ၏ ၃% ခန့် တိုးလာနိုင်သည်ဟု ခန့်မှန်းပါကြောင်း၊ နိုင်ငံတကာ အတွေ့အကြုံများ၊ ၂၀၁၂ ခုနှစ်အစပိုင်း စတင်ကြိုးပမ်းခဲ့သည့် မြန်မာ့စီးပွားရေးဖြေလျော့မှုနှင့် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း တစ်ခုတည်းဖြစ်စေမှု ဥပမာများအရ ဈေးကွက်အခြေပြုတစ်ခုတည်းသော နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းစနစ်သည် စီးပွားရေး တည်ငြိမ်မှုကို အထောက်အကူပြုသည့်အပြင် ငွေကြေးဖောင်းပွမှု လျော့ကျစေခြင်း၊ ကုန်ထုတ်လုပ်မှု တိုးမြင့်စေခြင်းနှင့် ကုန်သွယ်မှုကို အားပေးခြင်းများ တွေ့ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

၂၈.၁.၂၀၂၃ ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် MPIA အသင်းရုံးခန်း၌ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များ အသင်း၏ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် လစဉ်ပုံမှန်အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃) ကျင်းပနေစဉ်

အစည်းအဝေးတွင် အောက်ပါဆွေးနွေးချက်များ ဆွေးနွေးခဲ့ကြပါသည်-

(၁) မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ ဝန်ထမ်းများ စွမ်းဆောင်ရည်နှင့် စိတ်ကျေနပ်မှု အကဲဖြတ် ဆန်းစစ် မေးခွန်းလွှာဖြေကြားနိုင်ရန်နှင့် ပတ်သက်သည့်ကိစ္စရပ်များ၊

(၂) ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းအစီအစဉ် (National Plastic Action Plan) ရေးဆွဲရန်အတွက် နည်းပညာလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေး ဆွေးနွေးချက်များနှင့် ပတ်သက်သည့်ကိစ္စရပ်များ၊

(၃) ပြည်ပမှတင်သွင်းလာသော ကုန်ချောပစ္စည်းများကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းများအား ဆွေးနွေးခြင်းနှင့် မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ အသင်းသားများအပေါ် ပိုမိုထိရောက်စွာ ပံ့ပိုးကူညီနိုင်ရေးနှင့် ပတ်သက်သည်ကိစ္စရပ်များ၊

(၄) မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသော သတင်းလွှာ(၂)စောင်ပါ ကြေညာချက်များအပေါ် အသင်းဝင်ကုမ္ပဏီများမှ လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိနှင့် လိုက်နာမှုမရှိသော အသင်းဝင်ကုမ္ပဏီများအား မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်နှင့် ပတ်သက်သည့်ကိစ္စရပ်များ၊

မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၃-၂၀၂၅ ခုနှစ် သက်တမ်း၊ ဗဟိုအလုပ်အမှုဆောင်/ အလုပ် အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့် ကြော်ငြာစာ၊ စည်းကမ်းချက်များနှင့် ကိုယ်တိုင်ဆန္ဒပြုလွှာဖောင်ပုံစံအား ထုတ်ပြန်ကြေညာခြင်း

၁၆.၁.၂၀၂၃ ရက်၊ တနင်္လာနေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် MPIA အသင်းရုံးခန်း၌ သင်းဖွဲ့စည်းမျဉ်း ပြင်ဆင်ရေး ညှိနှိုင်းကော်မတီအစည်းအဝေး ကျင်းပနေစဉ်

အစည်းအဝေးတွင် တက်ရောက်လာသူ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များမှ မြန်မာနိုင်ငံပလတ်စတစ် လုပ်ငန်းရှင်များအသင်း၏ လက်ရှိကိုင်တွယ်ကျင့်သုံးလျက်ရှိသော သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းပါ အချက်အလက်များမှ လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွက်ရန် ညှိနှိုင်းတိုင်ပင်ခဲ့ကြပါသည်။ ထိုသို့ ညှိနှိုင်းတိုင်ပင်၍ ပြင်ဆင် ဖြည့်စွက်ထားသည့် အချက်အလက်များကို ပြုစုပြီးသည်နှင့် လာမည့်အသင်းသားစုံညီနှစ်ပတ်လည်ညီလာခံတွင် ပြင်ဆင်ဖြည့်စွက်ထားသည့် အချက်အလက်များအား အသင်းသားများထံ အတည်ပြုချက်ရယူ၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

၁၆.၁.၂၀၂၃ ရက်၊ တနင်္လာနေ့၊ နံနက် (၈:၃၀) နာရီအချိန်တွင် MPIA အသင်းရုံးခန်း၌ မြန်မာနိုင်ငံပလတ်စတစ် လုပ်ငန်းရှင်များ အသင်း၏ အထူးအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) ကျင်းပနေစဉ်

၂၀၂၃ခုနှစ်၊ ကုန်သည်စက်မှုအသင်းချုပ်၏ ပထမအကြိမ် အလုပ်အမှုဆောင် အစည်းအဝေးတွင် မြန်မာနိုင်ငံပလတ်စတစ် လုပ်ငန်းရှင်များ အသင်းကိုယ်စား ဥက္ကဌ ဦးထွန်းဝင်းမှ တက်ရောက်မည်ဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များ အသင်းမှ အသင်းသားလုပ်ငန်းရှင်များအနေဖြင့် လတ်တလော ကြုံတွေ့နေရသော အခက်အခဲများကို (၁၀)မိနစ်ခန့် တင်ပြ ဆွေးနွေးခွင့်ရရှိမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မည်သည့်အချက်အလက်များ တင်ပြဆွေးနွေးနိုင်ရန် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များအား အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူ၍ ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

Myanmar Plastic Industries Association was established in 1995 with (15) Executive Members included by plastic entrepreneurs, plastic raw materials distributors, ...

Quick Contact



No. 29, 7th Floor, Min Ye Kyaw Swar Street, UMFCCI Tower, Lanmadaw Township, Yangon, Myanmar.



+951 231 4835, +959 428 821 182