၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ ရန်ကုန်မြို့၊ မင်ဓမ္မလမ်းနှင့် အောင်သိဒ္ဓိလမ်းထောင့်တွင် မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းနှင့် Yorkers Trade and Marketing Services Co.,Ltd တို့ပူးပေါင်း၍ နိုင်ငံတကာပလတ်စတစ်ပြပွဲကြီးကို ကျင်းပခဲ့ပါသည်။

(၆.၁၀.၂၀၁၇) ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ကုန်သည် စက်မှုအသင်းချုပ် ညီနောင်အသင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ အသင်းကိုယ်စား ဥက္ကဌ ဦးထွန်းတက်ရောက်ခဲ့ ပါသည်။

(၁၃.၉.၂၀၁၇) ရက်နေ့မှ (၁၅.၉.၂၀၁၇)ရက်နေ့အထိ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူး၍ ရန်ကုန်မြို့၊ Novotel Hotel တွင် 2nd Council Meeting of the 17th Term ASEAN Federation of Plastic Industries (2016-2018) & 27th Asia Plastics Forum 2017 ကိုကျင်းပခဲ့ပါသည်။